NINE

470 61 3
                                    

UNI...

မိဘတွေနှင့် အချိန်ကြာကြာကုန်ဆုံးပြီးနောက်မှာ အိမ်ကို ပြန်လာခဲ့သည်။အိမ်မှာ တစ်ယောက်တည်း ဖြစ်နေမဲ့အတူတူ စိတ်ပြေ၊လက်ပျောက် ဆိုင်တစ်ဆိုင်ကို ဝင်လာခဲ့သည်။ပျော်ရွှင်နေကြတဲ့လူတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်လာမလားဆိုသည့် ရူးကြောင်ကြောင်အတွေးနှင့် ဆိုင်ထဲ ဝင်လာသည့်လူတိုင်းကို ငေးမောနေမိသည်။မြင်ကွင်းထဲရောက်လာသည့် ပြုံးရယ်နေတဲ့လူနှစ်ယောက်။တစ်ယောက်က ကျွန်တော်ချစ်ရတဲ့မောင်ဖြစ်ပြီး နောက်တစ်ယောက်က ကျွန်တော်မသိသောမိန်းကလေး။ကျွန်တော် ပြုံးလိုက်မိတယ်။မောင့်အပြုံးတွေကို သိပ်လှပနေလို့။ကျွန်တော် မမြင်တာကြာနေပြီးဖြစ်တဲ့မောင်အပြုံးတွေကို တမေ့တမော့ငေးကြည့်နေသည့်အချိန်မှာ မောင်က ကျွန်တော်ကို မြင်သွားသည်။နှုတ်ခမ်း‌ပေါ်က အပြုံးတွေလည်း ရပ်တန့်သွားသည်။ပါးချိုင့်လေးလည်း ပျောက်ကွယ်သွားသည်။

ကျွန်တော်နေရာရွေးမှားသွားတာပဲ။ထောင့်ကျတဲ့နေရာကို ရွေးချယ်ခဲ့ရင် မောင် ကျွန်တော်ကို မြင်မှာမဟုတ်ဘူး။မောင်က ကျွန်တော်ရှိတဲ့အရပ်ဆို သိပ်မုန်းတာ။ကျသင့်ငွေရှင်းပြီး ဆိုင်ထဲမှာ အမြန်ထွက်လာခဲ့သည်။သို့သော် ဝမ်းနည်းမှုကို မထိန်းချုပ်နိူင်စွာ လူသွား၊လူလာများတဲ့လမ်းမထက် ထိုင်ငိုမိသည်။ဘာလို့ ဒီလိုနေ့မှာ မောင်ကပါ ကျွန်တော်ကို ဝမ်းနည်းအောင် လုပ်ရတာလဲ။

"မောင်..."

မြင်လိုက်ရသည့်မောင်ကို တအံ့တဩနှင့်ကြည့်ပြီးမှ မျက်ရည်တွေသုတ်ပြီး ကောက်ထလိုက်သည်။မောင့်မျက်နှာလေးကို ကြည့်လျက် နေရာတွင်ခြေစုံရပ်နေတဲ့ကျွန်တော်ကိုစိုက်ကြည့်လျက် မောင်က လမ်းလျှောက်လာသည်။သို့သော် မောင်က ကျွန်တော်ဆီလာတာမဟုတ်ပါ။သူ့ကားပေါ်တတ်သွားပြီး ကျွန်တော်ကို တစ်ခါမှမမြင်ဖူးသည့်သူစိမ်းတစ်ယောက်လို ကြည့်သွားသည်။ကားကို အကြမ်းပတမ်းမောင်းပြီး ထွက်သွားတဲ့မောင်ကို ရပ်ကြည့်လျက် ကျွန်တော် ကျန်ခဲ့သည်။ကျွန်တော်ကို အိမ်ထောင်ဖက်လို့ မသတ်မှတ်တာကို ကျင့်သားရနေပြီးဆိုပေမယ့် ဒီနေ့တော့ မောင် သိပ်လွန်းတယ်။

MASK OF LOVE Where stories live. Discover now