FOURTEEN

442 53 0
                                    

UNI...

"မောင်..ဒါက "

Naver မှာ တတ်လာသည့်သတင်းကို မယုံနိူင်စွာဖြင့် ပြောလာသည့်သူကို ကြည့်လျက် ကျွန်တော် ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ မျက်ရည်မိုးရွာသွန်းဖြိုးလာသည့်အနှီးကောင်လေးကို ရင်ခွင်ထဲထည့်ပြီး နှစ့်သိမ့်ပေးလိုက်သည်။

"ငါက ..သားမိုက်တစ်ယောက်"

"သည်းငယ်အမှား မဟုတ်ဘူး..ကံတရားက ရက်စက်လို့ သည်းငယ့်ဖေဖေနဲ့မေမေ ဒီလိုဖြစ်သွားခဲ့တာ"

"ငါကသာ ပြန်လာဖို့ အတင်းမပူဆာခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"

"မောင် ထပ်ပြောမယ်။ဒါက သည်းငယ်အမှားမဟုတ်ဘူး။သူတို့က အကွက်ချ စီစဉ်ထားတာ.. "

"ငါက ကိုယ့်မိဘတွေကို သတ်ခဲ့တဲ့တရားခံကိုတော့ မဖော်ထုတ်ပေးနိူင်ခဲ့ဘူး"

ဒီကောင်လေးနဲ့တော့ ခက်ပြီ။

"သည်းငယ်အစား မောင်က ဖော်ထုတ်ပေးခဲ့ပြီပြီးလေ..။ကြံဖန်ပြီး ဝမ်းနည်းမနေနဲ့တော့"

"ဒါပေမယ့် ငါမှ မဟုတ်တာ"

"မောင်က ‌သည်းငယ်ယောင်္ကျားလေကွာ"

ထိုစကားကြားတော့ ရင်ခွင်ထဲကကောင်လေးက ခဏမျှ ငြိမ်သက်သွားသည်။မိဘတွေနှစ်ပတ်လည်နေ့တိုင်း သူ့အမှားဆိုပြီး အပြစ်တင်၊ဝမ်းနည်းပူဆွေးနေသည့်ကောင်လေးကြောင့် အရင်ကတည်းက ရိပ်စားမိသောလည်း သည်းငယ်ကိုမုန်းသည့်စိတ်နှင့် မဖော်ထုတ်ခဲ့သည့်အမှန်တရားဟာ နောက်နှစ်,နှစ်ပတ်လည်တွေမှာ ဒီကောင်လေးကို အနည်းငယ်စိတ်သက်သာရာရစေချင်သည့်စိတ်နှင့် ကျွန်တော်တစ်လလုံးနီးပါး သက်သေတွေ စုစည်းပြီးမှ သတင်းသမားတွေကို ပေးလိုက်ခြင်းဖြစ်၏။တရားရုံးကိုလည်း တင်သွင်းပြီးသားကိစ္စဆို၍ တရားခံဘက်မှာ ပြေးရင်တောင် ပြေးလွှတ်မှ မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်"

ထိုအရာက ကျွန်တော်ကိုသိပ်ချစ်တဲ့သည်းငယ်ကို ပြန်ပေးနိူင်သည့်အကောင်းဆုံးလက်ဆောင်လည်းဖြစ်၏။

"မလိုဘူးလေကွာ..မောင်တို့ကြားမှ ဒီစကားက အနေစိမ်းစေတယ်"

"အဟင့် မောင်က ငါကို ငိုအောင်လုပ်တယ်"

MASK OF LOVE Onde histórias criam vida. Descubra agora