The Criminal:Episode(1)- {Psychopath} -Part(1)

114 14 21
                                    

(Episodeတစ်ခုကို အမှုတစ်ခုနှုန်းနဲ့ ငါးခုပါပါမယ်။ ဆိုတော့ရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဒီလူသားက ရေးသားပေးပါ့မယ်။ updateကတော့ကြာမယ်ထင်တာ တစ်ခုလုံးရေးရမှာဆိုတော့😁....)
...................................................................................

August 12,2023/

- yeonjunပြန်လာမည်ဟူသောကြောင့် သူတို့အိမ်ကိုသန့်ရှင်းရေးလာပြန်လုပ်ကာ အဆင်သင့်ပြင်ထားကြသည်။ -

- soobinတို့ သင်တန်းအဆောင်မှာသွားနေကတည်းက အိမ်ကလည်းပိတ်ထားတာ။ အခုမှသန့်ရှင်းရေးပြန်လုပ်ရတော့ ဖုန်တွေတသောသောဖြင့်။ -

Soobin- ဘယ်သူမှyeonjunကိုသွားမကြိုကြဘူးလား။

Taehyun- အမယ်လေး...ကြိုမလို့လုပ်ပါသေးတယ်။ မင်းလူကရှက်လို့ဆိုပြီး သူ့ဘာသာသူဘဲပြန်လာမယ်တဲ့လေ။

Soobin- ဘာကိုမင်းလူလဲ...မင်းနော်။

- taehyunကိုသာ ပြန်ပြောလိုက်တာ သူရင်ထဲမှာတော့ အမျိုးအမည်မသိသောခံစားချက်ကြီးဝင်လာသည်။-
.
.
.
.
.
"ပြန်လာရတော့ ဘယ်လိုခံစားရလည်း။ "

"ပျော်ပါတယ်။
နည်းနည်းလေးတော့နားညည်းတာပေါ့။ "

"အဲ့ဒါဆို ပြန်လေ။ "

-အခန်းတစ်ခုတည်းတွင် စုထိုင်နေတဲ့ကောင်လေးငါးယောက်ထဲမှ နှစ်ယောက်ရန်ဖြစ်နေခြင်း။ ထိုအထဲကမှ အင်္ကျီရှပ်အဖြူကိုဝတ်ပြီးလက်တစ်ဝက်အထိခေါက်တင်ထားသောကောင်လေးမှ စကားပြန်ချေပသည်။ ထိုသူကယောန်ဂျွန်း။ -

Yeonjun- မပြန်ပါဘူး။ ငါ့သူငယ်ချင်းလေးနားပူတာကိုပျော်ပျော်ကြီးခံဦးမှာ...။

Soobin- အပိုတွေ....လွန်ခဲ့တဲ့သုံးနှစ်က ဒီလိုပုံမဟုတ်ဘူးနော်။ မင်းမျက်နှာအရမ်းပြောင်လာတယ်။

Yeonjun- မင်းကရော....ဘာလို့အခုမှ တည်ငြိမ်ချင်ယောင်ဆောင်နေတာလည်း။

Soobin- ငါတည်ငြိမ်ချင်ယောင်မဆောင်ပါဘူးနော်။

Huening Kai- စုံထောက်ကြီးmoodနည်းနည်းဝင်သွားလို့ပါ။

Soobin- Huening Kai!!!!
မင်းကပါ အလိုတူအလိုပါ...

Taehyun- ကဲ....တော်ကြပါတော့ကွာ..... ။
အခုမှပြန်လာတဲ့လူကို ငဲ့ကြပါဦး။

\_The_Criminal_/  [With My Friend Choi-(Season-2)]Where stories live. Discover now