စင်ကာပူ ချန်ဂီလေဆိပ်လမ်းတစ်နေရာတွင်ဖြစ်၏။မာစီဒီးအမဲရောင်ကားသည် ရှေ့ယာဉ်တန်းအရေးပေါ်မီးဖွင့်လျက် လေဆိပ်မှ အမြန်ဆုံးမောင်းလာသည်။
ထိုအချိန်၌ပင် လီအိမ်တော်၌ လူအများစုဝေးရောက်ရှိလာကြ၏။လီအိမ်တော်၏အိမ်တော်ထိန်း လီလုသည်လည်း ရောက်ရှိလာသောလူများအား နေရာလိုက်လံညွှန်ကြားပေးနေရသည်။
ဂိတ်တံခါး၀တွင် အနောက်တိုင်း၀တ်စုံအပြည့်နှင့် ပစ္စတိုသေနတ်အား ခါးတွင်ထိုးထားသော လူငယ် ရှစ်ယောက်ခန့် နှစ်ပေခြားစီရပ်နေကြ၏။ သူတို့၏ ရှေ့ဘက် မျက်နှာစာတွင် စင်ကာပူရဲများ ယာဉ်ထိန်းများနှင့်အတူ သတင်းထောက်များလည်း ရောက်ရှိနေကြလေသည်။
အချိန်မှာ ည (၁၂)နာရီကျော်ဖြစ်ရာ လီအိမ်တော်၏အခြေအနေသည် စင်ကာပူသတင်းစားများတွင် ခေါင်းစဉ်ကြီးဖြင့် ဖော်ပြလေ၏။ထိုစဉ်မှာပင်
အရေးပေါ်မီးတန်းဖြင့် လေဆိပ်မှ ထွက်လာခဲ့သောမာစိဒီးကားသည် အိမ်တော်တွင်းသို့ ၀င်လာခဲ့သည်။"ဘာသတင်းထူးလဲ လီလု!! ကြည့်ရတာ သခင်ကြီးတို့ဆီမယ် အရေးကြီးကိစ္စဖြစ်နေတယ်ထင်တယ်ဗျ"
အိမ်တော်ထိန်းလီလုသည် ဘယ်ဘက်လက်ဖြင့် မျက်မှန်ကို အပေါ်သို့ ပင့်လျက်
"ဟုတ်တယ် ငါတို့လီအိမ်တော်အတွက် ဒီညဟာ မုန်တိုင်းထန်းမယ့်အခြေအနေပဲ"
ထို့နောက် သတင်းမေးသူပုခုံးကိုပုတ်လိုက်
"အကိုလေးကတော့ သူလူတွေကို စုပြီး စောင့်နေပြီ မင်းတို့လည်း ဘာလုပ်သင့်သလဲ စဉ်းစားထားအုန်းနော်"အနည်းငယ်ပြုံးပြလျက် ၀င်လာသော မာစီဒီးကားဆီ အပြေးလေး သွားလေ၏။
"ဘယ်လိုဖြစ်တာလဲလီလု သမီးကြားကြားချင်း ယောင်ကောင်ကနေ ထွက်လာခဲ့တာ"
ကားပေါ်မှ ဆင်းဆင်းချင်း လီကျန့်ရှင်းသည် လီလုအား မေးလိုက်၏။လီလုက လီကျန့်နားသို့ ကပ်လျက်
"ငါတို့ အခြေအနေရှုပ်ထွေးနေတယ် လီကျန့်
သခင်ကြီးအထဲမှာစောင့်နေတယ် အရင်သွားရမယ် လာ မြန်မြန်"လီကျင့်ရှင်းသည် အိမ်တော်သို့ လီလုနှင့်အတူ အမြန်၀င်သွားလေ၏။
YOU ARE READING
The Cloud
Romanceတိမ်ဆိုမှတော့ တိမ်လိုပါပဲအကို သူ မရှိတဲ့နောက် ဖြစ်တည်လာတဲ့ တိမ် ပေါ့