ONE

1.4K 90 5
                                    

Note: In this Fanfiction, it may contain cursed words , inappropriate words and some violent actions. So read with your own risk! If you are not okay with this you better not to read this!!

•••••••••••••••••••••

"ဘ၀ကိုကောင်းကောင်းမွန်မွန်ရှင်သန်ချင်ရင် ခင်ဗျားပါးစပ်မသရမ်းသင့်ဘူး"

"တောင်း-တောင်းပန်ပါတယ် ။ အသက်ကိုတော့ချမ်းသာပေးပါ"

"ကျစ်...စိတ်ပျက်ဖို့ကောင်းလိုက်တာ ။ ၅စက္ကန့်အချိန်ရမယ်ဘာပြောချင်သေးလဲ"

"ခွင့်လွှတ်ပေးပါ"

"အင်း...စိတ်တော့မကောင်းဘူး အချိန်စေ့သွားပြီ ။ သစ္စာဖောက်တဲ့အတွက် ခွင့်လွှတ်မှုကိုတော့ တမလွန်မှာသာဆက်တောင်းခံလိုက်...ခွင့်လွှတ်တယ်ဆိုတာကိုယ့်ဘ၀မှာမရှိဘူး Goodbye~"

ဒိုင်း!!!

ကျယ်လောင်လှတဲ့သေနတ်သံက တိတ်ဆိတ်နေတဲ့ ညအမှောင်ကိုဖြိုခွင်းသွားသလိုပင်...အနီးအနားကအိပ်တန်း၀င်နေတဲ့ငှက်အချို့တောင်ပျံပြေးသွားရသည် ။ သို့သော်ငြားသေနတ်ပိုင်ရှင်ကတော့ မျက်တောင်တစ်ချက်တောင်မခတ်ပဲ နက်ပြောင်နေတဲ့ ရှူးဖိနပ်တစ်စုံကိုစီးထားကာ တံခါး၀ထိလျှောက်သွားလျက် နောက်ပြန်လှည့်ကြည့်ပြီး

"အလောင်းကိုရှင်းလိုက်တော့ ။ သစ္စာဖောက်ရင်တော့ခွင့်လွှတ်မှုဆိုတာမရှိဘူး မရဏလမ်းသွားရဖို့ပဲရှိတယ် ။ အဲ့တာကိုမင်းတို့စိတ်ထဲစွဲနေအောင် မြဲမြဲမှတ်ထားကြ!"

အေးအေးဆေးဆေးသာပြောသွားပေမယ့် အရှိန်အ၀ါကကြီးလွန်းပြန်တော့လည်း တစ်ဖက်လူနားထဲမှာတော့ ရေခဲတမျှအေးစက်နေပြန်တယ် ။ ထို့နောက်တရွေ့ရွေ့အမှောင်တောထဲသို့၀င်ရောက်ကာပျောက်ကွယ်သွားတော့တယ် ။

••••••••••••••••••••••

ခွမ်း!

"ပတ်ဂျီမင်း နင်ဘယ်လိုလုပ်လိုက်တာလဲ!!"

ခမ်းနားလှတဲ့ အိမ်တော်ကြီးရဲ့ ထမင်းစားခန်းအတွင်း ကြားနေရတဲ့အသံတွေက အိမ်စေတွေအတွက်တော့ နေ့စဥ်ဖြစ်နေကျကိစ္စတစ်ခုလိုပင် ဘယ်သူမှအရေးမစိုက်ကြချေ ။

"မြင်တဲ့အတိုင်းပဲလေ မမ"

"နင်...နင်ရိုင်းလှချည်လား"

Jeonphile //Kookmin//Where stories live. Discover now