ချိုးယွမ်မေတစ်ယောက် စိတ်ညစ်နေသည်။ဘာကြောင့်ဆို သူမရဲ့စိတ်ထဲကို ၀မ်ရိပေါ်က ရောက်,ရောက်လာလို့။ဟိုတစ်နေ့က သူမက စလိုက်တာဖြစ်သည်။ဒါကို သူမက ၀မ်ရိပေါ်တစ်ယောက်အဆင်ပြေပါ့မလားဆိုတဲ့ အကြောင်းတွေသာ စိုးမိုးနေသည်။သာမန်ဆို ၀မ်ရိပေါ် ဘာပဲဖြစ်နေနေ ဂရုစိုက်စရာမှမလိုတာ။ကျန့်နဲ့ အဆင်မပြေရင် သူမက ပိုပြီး ၀မ်းသာရမှာ။ခုတော့ ၀မ်ရိပေါ်ကို သူမက စိတ်ပူနေသည်တဲ့။သူမစိတ်တွေ ဘာတွေဖြစ်ကုန်တာလဲဆိုတာကို သူမနားမလည်တော့။
"ယွမ်မေ"
"........"
"ယွမ်မေ "
"ဟင် အမ်.."
"ခေါ်နေတာမကြားလို့ နေမကောင်းဘူးလား"
"အော် အာ ကောင်းပါတယ်"
"အင်း ဒါဆို ဟိုနေ့က စာရင်းလေးပေးပါဦး"
"အင်း အင်း ခဏနော်"
စာရင်းပေးလိုက်ပြီးမှ ချိုးယွမ်မေတစ်ယောက် သက်ပြင်းချရသည်။သူမသက်ပြင်းချရုံရှိသေး ကျန့်က မိန်းကလေးတစ်ယောက်နဲ့ အတူတူရုံးလာသည်ကို မြင်လိုက်ရလေသည်။၀မ်ရိပေါ်ကရော မပါဘူးလား။သူမတွေးနေတုန်း ၀မ်ရိပေါ်က ရှောင်းကျန့်တို့နောက်ကနေ မျက်နှာကြီး စူပုတ်ပြီး ၀င်လာလေသည်။ဘယ်လိုဖြစ်ရတာလဲ။ကျန့်ကလဲ မိန်းကလေးတစ်ယောက်နဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့။ခါတိုင်းဆိုရင် ၀မ်ရိပေါ်မှ ၀မ်ရိပေါ်ဖြစ်နေတာလေ။၀မ်ရိပေါ်တစ်ယောက် ရှောင်းကို စိတ်ဆိုးနေပါသည်။ဘာကြောင့်ဆို မနက်မိုးလင်းကတည်းက အကောင်း။သူနဲ့ ပျော်ပျော်ရွှင်ရွှင် မနက်စားသည်။ပြဿနာက အဲ့နောက်မှာ စတာ။ရုံးသွားခါနီးကြတော့ မိန်းကလေးတစ်ယောက် ရောက်လာသည်။ပြီးတော့လဲ ထိုမိန်းကလေးနဲ့ ပြုံးပျော်ပြီး သူရှိနေတာတောင် ဂရုမစိုက်တော့ပေ။ခုလဲကြည့် ရုံးရောက်ပြန်တော့လဲ လှည့်တောင်မကြည့်။ခါတိုင်းဆို ရုံးရောက်တာနဲ့ တစ်ပြိုင်နက် နေ့လည်စာကို ဘာစားချင်လဲဆိုတာကို မေးပြီးသား။ခုတော့ ဟိုမိန်းမနဲ့သွားသာယာနေတာ။မပြောချင်ဘူး။
ခုလဲ သူက ရှောင်းရဲ့ အခန်းထဲက သူ့အတွက်လုပ်ပေးထားတဲ့ စားပွဲလေးမှာ ထိုင်နေတာဖြစ်သည်။ရှောင်းကတော့ ဟိုမိန်းမနဲ့ ဘာတွေပြောနေရမှန်းမသိ။တစ်ချက်တစ်ချက်ကို ပြုံးနေလိုက်သေးတာ
ဘာတွေပြောနေရမှန်းမသိ။ခုထိကို မပြီးနိုင်ဘူး။တော်ပြီ မနေချင်တော့ဘူး။အပြင်ထွက်တာပဲ ကောင်းတယ်။၀မ်ရိပေါ်တစ်ယောက် အခန်းထဲကနေ ထွက်လာတော့ ချန်ယွင်ကလဲ အပြင်မှာအလုပ်လုပ်နေသည်ကို တွေ့လိုက်ရသည်။၀မ်ရိပေါ်လဲအနားသွားလိုက်ပြီး