အပိုင်း(၉)

766 107 17
                                    

ခြေချိတ်ထိုင်ပြီး စုတ်တံကိုင်ကာပန်းချီရေးဆွဲနေသည့်မိန်းမတစ်ယောက်ဟာ ဘယ်လောက်ထိလှနိုင်ပါသလဲ။ လှုပ်ရှားနေတဲ့ လက်ဟန်တွေဟာပျော့ပျောင်းနူးညံ့လွန်းသည်။ ပန်းချီဆေးတွေစွန်းထင်နေတဲ့ အဖြူရောင်ဂါ၀န်သည်လည်း ထိုမိန်းမရဲ့အလှကိုမမှေးမြိန်စေနိုင်။ စိတ်ကျေနပ်မှုရရှိသည့်အခါတိုင်း ဖြစ်ပေါ်လာသည့်အပြုံးက သူမရဲ့အလှတရားကိုဖေးကူသည်။

"ဘာတွေဆွဲနေတာလဲ ဘယ်"

အသံလာရာကို တစ်ခဏမျှပဲမော့ကြည့်ပြီး မျက်လွှာတွေချသွားသည့်တိုင် ဘယ့်ကငြိုငြင်စရာမရှိ။ ကားချပ်ရှေ့မှာထိုင်နေတတ်သည့် ဘယ့်ကိုမတွေ့ရတာကြာပြီပဲ။ မှတ်မိသလောက်ဆို "ဘယ်"ပန်းချီတွေမဆွဲတော့တာ တစ်နှစ်နီးနီးရှိလောက်ပြီထင်။

"လှလိုက်တာ။ ဆွဲထားမှန်းမသိအောင်ကို အသက်၀င်လွန်းတယ်"

"ဘယ်" မျက်နှာမှာဂုဏ်ယူသည့်အပြုံးတို့တွဲခိုနေသည်။
တကယ်လည်း "ဘယ်"ဟာ သိပ်တော်တဲ့မိန်းမတစ်ယောက်ပဲ။ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ငယ်ရွယ်သော်လည်း "ဘယ်"ဟာအရာအားလုံးကိုဦးဆောင်နိုင်သည်။ အဒေါ်ဖြစ်သူမှအမွေပေးခဲ့သည့် ကော်ပိုရေးရှင်းလုပ်ငန်းတွေအပြင် သူကိုယ်တိုင်တည်ထောင်ထားသည့် လုပ်ငန်းပေါင်းများစွာကိုလည်း အိမ်မှာပင်နေ၍ဦးစီးနိုင်သည်။ ဒါ့အပြင် အနုပညာတွင်လည်းပါရမီပါလွန်းသည်။ရွှေဇွန်းကိုက်၍မွေးဖွာလာသည့် "ဘယ်" က ‌အပြင်လောကမှာဖြစ်ပျက်နေသည့်အရာတွေကို စိတ်၀င်စားပုံမရ။ သိတတ်ပုံလည်းမပေါ်။ သိပ်ကိုအပူအပင်ကင်းလွန်းသည်။

"ကိုရီးယားမပြန်တော့ဘူးလား ဘယ်"

"သူ ကပြန်ချင်လို့လား"

ထိုအခါမှ "ဘယ်" ကစုတ်တံကိုချကာ သူမကိုကြည့်သည်။ သူမတို့အနေနဲ့ပါရီမှာနေနေသည်မှာ အချိန်ကြာလွန်းပြီ။

"မပြန်ဖြစ်တာ သုံးနှစ်လောက်ရှိပြီလေ ဘယ်ရဲ့။
ဘယ့်မိဘတွေလည်း သတိရနေလောက်ရောပေါ့"

"ထင်လို့ပါကွယ်"

"ဘယ်" သည် ခနဲ့သောအပြုံးနဲ့။

Bring My Soul To The UniverseWhere stories live. Discover now