Jeon Jungkook၏ ညှိုးငယ်နေသည့် အကြည့်တွေကြောင့် ဒီတိုင်းမထားခဲ့ရက်တော့။
သူကနေမကောင်းဘူးမဟုတ်လား..?သူ့အနားမှာတစ်ယောက်ယောက်က ရှိနေပေးသင့်တယ်လေ..။အဲ့ဒီတစ်ယောက်ယောက်က ကျွန်တော်ကိုယ်တိုင်ပဲ....။
စွန့်လွှတ်ဖို့ကြိုးစားမိတိုင်း ပြန်ပြီးစိတ်ယိုင်လာအောင်လုပ်တယ် အဲ့ဒီလူဆိုးကောင်က။
နှလုံးသားက JeonJungkookဆိုသည့်အသံကြားတာနှင့် အလိုလိုအရှုံးပေးချင်နေမိတာအခက်သား။
အဲ့လို့ပျော့ညံ့နေလို့လဲ JeonJungkookက အလေးနက်မထားတာနေမယ်။
ကျွန်တော်ဆိုတဲ့လူသားကJeonJungkookကိုချစ်ဖို့မွေးဖွားလာတဲ့ ဖြစ်တည်မှုမျိုး။
အလေးအနက်မထားလည်း ချစ်တယ်။
ဆိုးသွမ်းနေလည်း ချစ်တယ်။
ပွေရှုပ်နေလည်း ချစ်တယ်။
ဒီအတိုင်း JeonJungkookဖြစ်နေတာမို့ ချစ်တယ်..။ဘယ်လောက်ပဲ စိတ်ပြတ်နိုင်အောင်ဖြတ်ဖြတ် အမှတ်မရှိတဲ့နှလုံးသားက JeonJungkookနားမှာ တဝဲလည်လည်ရယ်..။
"ရေပတ်အရင်တိုက်လိုက်တာ အဆင်ပြေမယ်ထင်တယ်..."
KimTaeHyungက ရေဇလုံတစ်ခုထဲကို လက်ကိုင်ပုဝါတစ်ထည်နှစ်ထားပြီး အနားရောက်လာသည်။
မျက်နှာတွေရယ် လည်ပင်းတွေအထိ သေချာလေးသန့်စင်ပေးနေတယ်။
အဲ့လိုမျိုး KimTaeHyungဆီက ဂရုစိုက်ခံရတော့ လူကပျော်သလိုလိုရှိသား။
အခက်တွေ့တာက ခန္ဓာကိုယ်ကို ရေပတ်တိုက်သည့်နေရာ၌ စသည်။
JeonJungKookကို အင်္ကျီချွတ်ပေးပါလို့ပြောရမှာလား..?
အဲ့ဆာင်မှုရှိသည့် ကြွက်သားအမြှောင်းမြှောင်းနှင့် ခန္ဓာကိုယ်ကို ထိတွေ့ဖို့ မဝံ့မရဲ။
JeonJungkookအခြေနေက တခြားသူကူညီမှရမယ့်အခြေအနေမို့....
"JeonJungkook shii!..ရေပတ်တိုက်ဖို့ အင်္ကျီချွတ်မှရမယ်..."
"အာ...အဆင်ပြေသလိုလုပ်ပါ..."
အခြေနေကအနည်းငယ်သူစိမ်းဆန်နေသယောင်။
JeonJungkookက အဲ့လိုအခြေနေကြီးကို တကယ်အလိုမကျ။
သို့ပေမယ့်လည်း အထွန့်မတက်ရဲ။ စိတ်ဆိုးပြီးထွက်သွားမှ ဒုက္ခ။