ယခုတလောမှာ ခေတ်စားနေတဲ့ အကြည်ဓာတ်ဆိုလို့ ကျွန်မလည်း ပြောပြချင်မိလေသည်။ထိုသည်ကား ကျွန်မရဲ့ တစ်ခုတည်းသော အကြည်ဓာတ်လေးအကြောင်းသာ။
လူတစ်စုအတွက် အစားအသောက်များက သူတို့ရဲ့အကြည်ဓာတ်များဟု ပြောကြသလို ၊
သူတို့ရဲ့ ချစ်ရသူတွေကလည်း သူတို့ရဲ့အကြည်ဓာတ်ပါပဲတဲ့။
ကျွန်မအတွက်လည်း ကိုဟီဆိုတဲ့ ကြောင်မလေးက ချစ်စဖွယ်အကြည်ဓာတ်လေးပါပဲလေ။
ကိုဟီလေးက အမျိုးအစားကောင်းသည့် ကြောင်မလေးတစ်ကောင်မဟုတ်ပေ။
ကျွန်မ သူ့ကို စတွေ့ခဲ့တဲ့ အခိုက်အတန့်တုန်းက သူက လမ်းဘေးမှာ လေလွင့်နေခဲ့သည့် ကြောင်ပေါက်စလေးတစ်ကောင်သာ။
မှတ်မှတ်ရရ ကျွန်မရုံးမှာ ပြဿနာတက်လာတဲ့ နေ့တစ်နေ့ပဲ။
ရုံးကနေ အိမ်အပြန်လမ်းတစ်ဝက်မှာ အဖြူရောင်ပေါ်မှာ ကော်ဖီရောင် အကွက်လေးတွေနဲ့ကြောင်ပေါက်စလေးတစ်ကောင်က လမ်းမမှာ တစ်ကောင်ထဲ သနားစရာလေးရယ်။
ဘေးဘီပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီကြည့်မိတော့လည်း နောက်ထပ် ဘယ်ကြောင်ပေါက်လေးမှ မရှိနေသလို ကြောင်အမေကြီးလည်း မတွေ့မိပေ။
လူသူကလည်း ရှင်းလင်းလို့သာ။
ဒီလိုနဲ့ သေချာအိမ်ခေါ်လာပြီး မွေးစားဖြစ်ခဲ့တယ်ဆိုပါတော့လေ။
အဲဒီနေ့ ရုံးမှာစိတ်ညစ်လာခဲ့သမျှ ကိုဟီလေးကြောင့် ပျော်ရွှင်ခဲ့ရသည်။
ဗိုက်ဆာလို့ အော်နေတဲ့ သူ့ရဲ့ မြောင်မြောင်ဆိုတဲ့ အသံသေးသေးလေးရယ်။
YOU ARE READING
If Kohi is a shooting star (One shot)