"မောင်အခု ထယ့်ကိုနမ်းချင် နေတယ်ခွင့်ပြုမယ်မဟုတ်လား""ဟင့်အင်း"
ကိုယ်ငြင်းလိုက်တော့ ခေါင်းလေးငုံ့သွားတဲ့သူ
ဒီကောင်လေးကအဲ့လိုခလေးလေးပါဆို" ဟေ့ ဒီမှာကြည့်အုံး"
သူ့မေးဖျားလေးကို အသာဆွဲမော့လိုက်တော့ မျက်နှာငယ်လေးနဲ့ပြန်ကြည့်လာတယ်
"ကိုကိုဆီကခွင့်ပြုချက်တောင်းနေတာကိုခွင့်မပြုတာ"
"ဟမ်"
"ကိုကိုကခွင့်တောင်းရမဲ့လူမို့လို့လား ပြောစမ်းပါအုံးလူဆိုးကောင်လေးရဲ့"
"အဲ့ဒါဆို..."
" ဒီတနေ့နမ်းအုံးမှာလား ဂျွန်ဂျောင်ဂုရှီ"
"အာ နမ်းမှာ နမ်းမှာ"
ပြောလည်းပြောမျက်နှာပြင်ပေါ်ထိန်းချုပ်ထလာတဲ့လက်နွေးနွေးလေး ကိုယ့်ဆံစပေါ်ကျရောက်လာတဲ့အနမ်း ပြီးတော့နဖူး မျက်ခုံးပေါ်ကူးလူးပြီး မျက်ခွံတွေကနေတဆင့် နားဖျားတွေဆီစီးဆင်းလာတဲ့စိုစွတ်မှုနွေးနွေး
ပါးပြင်တလျှောက်ဆက်လက်ရွေ့လျားပြီးမှ
ထိကပ်လာတဲ့နုထွေးထွေးအထိတွေ့ မျက်နှာအစိတ်ပိုင်းရဲ့နေရာလပ်မကျန်အောင်ရွာချလာတဲ့အနမ်းမိုး ကိုယ့်မေးဖျားဆီရောက်ရှိလာချိန်မှာ ပွင့်ဟလာတဲ့ ခပ်တိုးတိုးရေရွတ်သံ"သိပ်ချစ်တယ် အရမ်းကိုချစ်တာပါထယ်"
"အင်း ကိုကိုလည်းသိပ်ချစ်တယ်"
"မောင်ကပိုချစ်တယ်"
ကိုယ့်နှုတ်ခမ်းဖျားကိုတဖန်ပြန်ထိကပ်လာတဲ့ပေါင်းစပ်မှု ကြာမြင့်စွာဆွဲခေါ်လာချိန်နဲ့အတူ ပိုမိုမြှင့်တက်လာတဲ့အရှိန်ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပျောက်ပြီး နှစ်ဦးထဲလေဟာနယ်ထဲရောက်နေတဲ့ခံစားချက် အရာအားလုံးဘာမှမလိုအပ်လောက်အောင်ပြည့်စုံချိုမြိန်နေလိုက်တာ အသက်ရှူနေမိရဲ့လားဆိုတာကိုသေချာမသိရလောက်အောင်အထိ ခံစားချက်အားလုံးပျော်ဝင်နေတဲ့အချိန် ရုတ်တရက်လစ်ဟာသွားတဲ့ခံစားချက် ကိုယ်မော့ကြည့်တော့ နှုတ်ခမ်းပေါ်လက်မလေးပွတ်ဆွဲပြီး
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~