Chapter(6)

878 93 0
                                    

Unicode

"ဂျုံမှုန့်တွေပဲ! သူခိုးမက သူ့ကိုယ်သူထူးဆန်းတဲ့ပုံပေါက်အောင် မျက်နှာပေါ်မှာ ဂျုံမှုန့်တွေနဲ့ ဖုံးပြီး ဟန်ဆောင်ခဲ့တာ။
အားလုံးပဲ လန်ကျူးရဲ့ခရမ်းရောင်ဝတ်စုံကိုကြည့်ရပါအုံး။ အဲ့မှာဂျုံမှုန့်တွေပေနေတယ်!"

ဟွားချီယွဲ့ရဲ့စကားဆုံးသောအခါ ဘုရားဖူးတွေက လန်ကျူးရဲ့အကျႌလက်ကိုဆွဲယူကြည့်ကြ၏။

"ဟုတ်ပါ့, သူမရဲ့အကျႌလက်မှာ ဂျုံမှုန့်တွေပဲ။
အိုး! လက်ကြားတွေထဲမှာတောင်အမှုန့်တွေကပ်နေသေးတယ်"

အခန်းတစ်ခုလုံး တိတ္ဆိတ္သြား၏။

လန်ကျူးရဲ့မျက်နှာလည်းဖြူရော်ရော်ဖြစ်သွားတာ သူမရဲ့သခင်မ ဟွားမုန့်ရှီးကို ထိုင်ဦးချနေတော့သည်။

"အာ့တာကျွန်မမဟုတ်ဘူး....ဒုတိယမမေလး, ကျွန်မမဟုတ်ပါဘူးလို့..."

ထိုအခါ ဟွားချီယွဲ့ရဲ့မျက်လုံးထဲ လျှပ်စီးဝင်သလိုလင်းလက်သွား၏။

"တပည့်တော်ထင်တာမမှားဘူးဆိုရင် ကိုရင်ယိဟန်လည်း လာဘ်ထိုးခံရတယ်လို့ထင်မြင်မိတယ်။
ဥပမာ-တပည့်တော်တို့ဟွားမိသားစုသုံးတဲ့ငွေဒင်္ဂါးတွေမှာ စာလုံးအသေးလေးတွေထွင်းထားတတ်တယ်လေ။

ဒီတော့ ကိုရင်ယိဟန်, ဒီက ဘုရားဖူးအမျိုးသားတွေ ကိုရင့်ကိုယ်ပေါ်မှာရှာဖွေဖို့ခွင့်ပြုနိုင်ပါသလား?"

ထိုအခါ ကိုရင်ယိဟန် လက်ဝါးတွင်ချွေးစေးများပြန်လာ၏။ သူ့ရဲ့ခါးကိုမတ်ကာ ဟွားမုန့်ရှီးကိုတချက်ကြည့်ရင်း

"ဆရာတော်, တပည့်တော်မှားပါတယ်!"

သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေကာ သူ့ကိုယ်သူလိပ်ပြာမလုံဖြစ်နေ၏။

ဒါကိုမြင်တော့ ဆရာတော် ဟန်မင်လည်း မျက်နှာမှောင်မဲသွားတော့သည်။

"သူ့ကို ရှာကြ!"

ထိုအခါ အခြားကိုရင်တစ်ပါးက ကိုရင်ယိဟန်ရဲ့ကိုယ်ကို အျမန္ဆြဲယူကာ ရှာဖွေလေ၏။ များမကြာမီပဲ ကိုရင်ယိဟန်ရဲ့ သင်္ဃန်းအတွင်းရှိအိတ်ကပ်မှ ငွေဒင်္ဂါးတွေကို တွေ့လိုက်ရတော့သည်။ အမွန္တကယ္ကိုပဲ ဟွားမိသားစုရဲ့ တံဆိပ္က ထိုအပေါ်တွင်ထွင်းထုထား၏။

General's Genius Daughter(MM translation)Where stories live. Discover now