JeonJungkookက အကြောင်းပြချက်မရှိ နေ့နေ့ညညလိုက်နေသည်။
ခါတိုင်းလိုမျိုး အနားမှာ အနှောင့်ယှက်ပေးခြင်းမျိုးမဟုတ်တော့ဘဲ အဝေးကနေစောင့်ကြည့်နေတတ်သည်။
ဒါက JeonJungkookရဲ့အသစ်အဆန်းအကွက်တစ်မျိုးနေမယ်...။
ဒီကြားထဲမှာ မီဒီယာတွေကလည်း ကျွန်တော်တို့နှစ်ယောက်ကို စောင့်ကြည့်ပြီး သတင်းမျိုးစုံရေးနေတော့တာပါပဲ..။
မနက်ခင်း ဆေးရုံမသွားခင်အိမ်ရှေ့မှာလာစောင့်နေသည့် JeonJungkook...။
အိမ်ရှေ့ခပ်လှမ်းလှမ်းမှာ ကားရပ်ထားပြီးစောင့်နေသည်။
မသိချင်ယောင်ဆောင်ပြီး ကားမောင်းထွက်တော့ အနောက်ကနေလိုက်လာသည်။
ခပ်မြန်မြန်မောင်းရင်မြန်မြန်လိုက်သည်။ခပ်နှေးနှေးမောင်းရင် နှေးနှေးလိုက်သည်။
ဆေးရုံက carparkingထိလိုက်လာပြီး အထဲဝင်သွားသည်ဆိုမှ လှည့်ပြန်သွားသည်။
ဒါကနေ့စဥ်နေ့တိုင်းလို ဖြစ်နေတတ်တာ။
အချိန်အားဖြင့်တစ်ပတ်ကြာမြင့်သွားသည်။JeonJungkookကတော့ လိုက်မြဲလိုက်ဆဲသာ။
တစ်ရက်..
JeonJungkookကားရှေ့ကနေ ပိတ်ရပ်လိုက်ပြီး ကားပေါ်ကဆင်းလာပြီး ကားမှန်ကို တဒေါက်ဒေါက်ခေါက်ကာ...
"JeonJungkook shii...စကားခနလောက်ပြောရအောင်..."
Shirtအဝါပွင့်ရိုက်အဆင်ကိုအဖြူရောင်Jean pantနှင့်လူငယ်ဆန်ဆန်တွဲဝတ်ထားကာ sunglass အညိုနှင့် သိပ်လိုက်ဖက်နေသည်။
ဝတ်ထားသည်က shirtလက်တိုဖြစ်တာကြောင့် လက်ဖျံ လက်မောင်းတစ်လျှောက်လုံး အပြည့်ပုံဖော်ထားသည့် Tattoတွေက အထင်းသား။
JeonJungkookပုံစံက အရှိန်အဝါတစ်ခုခုလွှမ်းမိုးထားဟန်ရှိသည်။
"ဘာက်ိစ္စနဲ့ ငါ့နောက်ကို တောက်လျှောက်လိုက်နေရတာလဲ..?"
"စိတ်မချလို့...ပြီးတော့ ခင်ဗျားကိုပြန်လိုက်မလို့..."
အော်ဟော်..ဒါက ဘယ်လိုစကားကြီးပါလိမ့်!..အဲ့ထက်နည်းနည်းလေးချိုချိုသာသာပြောတတ်ရင် ကောင်းမယ်..။