ONESHOT

5.8K 460 139
                                    


ပြိုးပြိုးပျက်ပျက်လင်းနေသော
မီးရောင်တွေကြား၊
beat သံတို့ဖြင့် ဆူညံနေသော
သီချင်းသံတွေကြားမှာ
လွတ်လပ်ပျော်ရွှင်စွာ
ကခုန်နေကြသော လူငယ်တွေရှိသည်။

"ဆယ်ဟွန်း"

နာမည်ခေါ်၍ကမ်းပေးလာသော ဂျင်ဝူးလက်ထဲရှိ
Cigarette ဗူးထဲမှ တစ်လိပ်ကိုယူကာ
နှုတ်ခမ်းထက်တွင်တေ့လိုက်သည်။
စားပွဲပေါ်က Lighter ကိုယူရန်ပြင်လိုက်စဉ်တွင်ပင်
ဂျင်ဝူးဘေးနားတွင်ထိုင်နေသော
မိန်းမပျိုက အရင်ယူကာ ဆယ်ဟွန်း၏
နှုတ်ခမ်းထက်ရှိ cigarette ကို မီးညှိပေးလာ၏။

ဆယ်ဟွန်း ထိုမိန်းမပျိုကို
တစ်ချက်သာကြည့်လိုက်ကာ ဆေးလိပ်ကို
တစ်ချက်ရှိုက်လိုက်ပြီးမှ dancing floor
သို့သာအကြည့်တွေပြန်ပို့လိုက်မိသည်။

တဖြတ်ဖြတ်မီးရောင်တွေကြားမှာ
မီးရောင်တစ်ချက်ထင်းခနဲလင်းသွားသည့်အချိန်
မျက်နှာတစ်ခုကိုမြင်လိုက်ရသည့်အခါ
ဆယ်ဟွန်း ထိုနေရာကိုပဲ
မမှိတ်မသုန်ကြည့်နေလိုက်မိသည်။

ငယ်ငယ်ကတည်းက ပေါင်းလာခဲ့သည်ဟု
ပြောသောသူငယ်ချင်းနှစ်ယောက်နဲ့အတူ
ပျော်ရွှင်စွာ ကခုန်နေသော ဂျုံအင်...။

မတွေ့ရတဲ့ရက်တွေအတွင်း
အနည်းငယ်ပိန်သွားပေမဲ့
မျက်လုံးလေးတွေပင် ပို၍
အရောင်တောက်နေလျက်ရှိသည်ပဲ။

"ဆယ်ဟွန်း မင်းရဲ့ showroom မှာ Lexus GS F black ရှိလား။ ငါ့babyက ပူဆာနေလို့"

အရက်တစ်ငုံသောက်ပြီးမေးလိုက်ပြီးအတော်ကြာသည့်တိုင်အောင်အဖြေမရလာသဖြင့် cigarette ကို
တစ်ရှိုက်ပြီးတစ်ရှိုက်ဖွာကာ ဆယ်ဟွန်းငေးကြည့်
နေသည့် နေရာကို ဂျင်ဝူးကြည့်လိုက်မိသည်။

ရင်းနှီးပြီးသား နုနုငယ်ငယ် မျက်နှာတစ်ခုကို
တွေ့လိုက်ရတာကြောင့် သူဘာမှထပ်မပြော
မိတော့။

သူ့မျက်နှာကို လက်သွယ်သွယ်တို့ဖြင့်ဆွဲယူ၍
နမ်းရှိုက်လာသည့် မိန်းမပျို၏ အနမ်းတွေကိုသာ
အလိုက်သင့်တုံ့ပြန်နေလိုက်တော့သည်။

~~~~~~~



"နောက်ဆုံးတော့ ငါတို့ရဲ့ဂျုံအင်လေး
ပြန်ပျော်လာပြီ"

Our friend is Obsessed with his Toxic BFWhere stories live. Discover now