ဒါဆို (အရင်က) ပန်းတွေထားပေးခဲ့တဲ့သူက မင်းလား

54 3 0
                                    

လော့ဝမ်ကျိုးသည် လက်မြှောက်လိုက်သည့်အချိန်တွင် သူ့ဦးခေါင်းထက်၌ အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်။ မှင်သက်အံ့ဩသွားပြီးလျှင် အမြန်လေးခေါင်းလှည့်ကြည့်လိုက်ရာ ပြန်ရောက်လာသော ဖေ့တုကိုတွေ့လိုက်ရသည်။ ဖေ့တုသည် ထီးတစ်ချောင်းကို ကိုင်ထားပြီး ရှုပ်ထွေးသောအမူအရာတစ်ရပ်ဖြင့် သူ့အားကြည့်နေလေသည်။

လော့ဝမ်ကျိုးသည် လက်မြှောက်လိုက်သည့်အချိန်တွင် သူ့ဦးခေါင်းထက်၌ အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်။ မှင်သက်အံ့ဩသွားပြီးလျှင် အမြန်လေးခေါင်းလှည့်ကြည့်လိုက်ရာ ပြန်ရောက်လာသော ဖေ့တုကိုတွေ့လိုက်ရသည်။ ဖေ့တုသည် ထီးတစ်ချောင်းကို ကိုင်ထားပြီး ရှုပ်ထွေးသောအမူအရာတစ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

        _🍀_

ဖေ့တုသည် တင့်တယ်ခန့်ညားလှသော အမူအယာဖြင့် သူ့လက်ထဲမှ လေးလံသောထီးအား တွန်းဖယ်ကမ်းလင့်၍ အထိမ်းအမှတ်အုတ်ဂူလေးပေါ်၌ကျန်ရစ်လျက်ရှိသော ပိုးသားလက်ကိုင်ပဝါစကို ငုံ့ကိုင်းလျက်ကောက်ယူလိုက်သည်။
"ဒါလေးကိုကျွန်တော်နဲ့အတူယူသွားဖို့မေ့သွားလို့ "

ထီးကိုင်ရန်အတွက် အရေးတကြီးတာဝန်တစ်ရပ်အား သခင်ငယ်လေးထံမှ ယုံကြည်စွာအပ်နှင်းခံရသူ လော့ဝမ်ကျိုးခမျာ ထွက်မသွားနိုင်လေတော့ဘဲ အနေရခက်သောခံစားချက်များဖြင့် ရှိနေရလေတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ အံ့ချီးဖွယ်သဘာဝရှုခင်းများအား ငေးကြည့်နေဟန်ဆောင်၍ ဖေ့တုနောက်လိုက်ရန်သာတတ်နိုင်လေတော့သည်။

ထီးကိုင်ရန်အတွက် အရေးတကြီးတာဝန်တစ်ရပ်အား သခင်ငယ်လေးထံမှ ယုံကြည်စွာအပ်နှင်းခံရသူ လော့ဝမ်ကျိုးခမျာ ထွက်မသွားနိုင်လေတော့ဘဲ အနေရခက်သောခံစားချက်များဖြင့် ရှိနေရလေတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ အံ့ချီးဖွယ်သဘာဝရှုခင်းများအား ငေးကြည့်နေဟန်ဆောင်၍ ဖေ့တုနောက်လို...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


          _🍀_

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

          _🍀_

ဖေ့တုသည် လှေကားဆင့်ကလေးများ၌ ထိုင်လိုက်သည်။ လော့ဝမ်ကျိုးသည် ထီးကိုင်ထားရင်းဖြင့် ယခုအချိန်၌ သူသည် ငွားငွားစွင့်စွင့်ပွင့်လန်းနေသော မှိုကြီးနှင့်တူသည်ဟု ခံစားလိုက်ရလေသည်။ အထိမ်းအမှတ်အုတ်ဂူရှိ အမျိုးသမီးအား ဂါဝရပြုရန်အတွက် အနည်းငယ်လှည့်လိုက်ပြီးနောက် ဖေ့တု‌ နံဘေး၌ထိုင်လိုက်လေတော့သည်။

ဖေ့တုသည် လှေကားဆင့်ကလေးများ၌ ထိုင်လိုက်သည်။ လော့ဝမ်ကျိုးသည် ထီးကိုင်ထားရင်းဖြင့် ယခုအချိန်၌ သူသည် ငွားငွားစွင့်စွင့်ပွင့်လန်းနေသော မှိုကြီးနှင့်တူသည်ဟု ခံစားလိုက်ရလေသည်။ အထိမ်းအမှတ်အုတ်ဂူရှိ အမျိုးသမီးအား ဂါဝရပြုရန်အတွက် အနည်းငယ်လှည့်လိုက်ပြီးနောက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

        🍀🍀🍀🍀🍀

Oriana's Note -

ဒီ moment album လေးကို သူငယ်ချင်းတစ်ယောက်အတွက်လုပ်ဖြစ်ခဲ့တာပါ။ အခုချိန်မှာဆို သူက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်းရဲ့ဒေသတစ်ခုမှာနေတာဖြစ်ပြီး ကိုယ်ကလည်း တိမ်းရှောင်နေရတဲ့သူမို့ သူနဲ့အဆက်အသွယ်လုံးဝမရခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ (ဖုန်းတောင်ဆက်လို့မရတဲ့အထိပါဘဲ) မနေ့က သူ(မ)ရဲ့မွေးနေ့ဖြစ်လို့ ‌လက်ဆောင်အဖြစ် moment လေးတစ်ခုကိုဒီ album ထဲသိမ်းပေးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းရဲ့နေရာဒေသအတော်များများမှာ တိုက်ပွဲတွေဆက်နေပါတယ်။ ကျွန်တော်တို့တွေဟာ ရဲဘော်တွေအတွက်ရော စစ်ဘေးရှောင်တွေအတွက်ပါ လိုအပ်ချက်တွေရှိနေပါတယ်။ ကျွန်တော်တို့အားလုံး ဆက်လက်တိုက်ပွဲဝင်နေကြဆဲပါ။ နိုင်ရာကူရင်း အားစိုက်ပေးကြဖို့ တောင်းဆိုပါတယ်။

မော့တူ (Just Moments)Where stories live. Discover now