အပြစ်ဖွဲ့လေမလား...မောင် U+Z

1K 74 15
                                    

Unicode

~~~~

မောင်.. မင်းက အရာရာပြီးပြည့်စုံနေတဲ့
ရွှေမင်းသားလေးတစ်ပါးဆိုရင် ငါကတော့ အညတရအဆင့် မင်းရဲ့ဂိုက်ဆရာတစ်ယောက်သက်သက်ပဲပေါ့။

~~~~~~~~~~

အသက် ၂၄နှစ်အရွယ် ကျွန်တော့်ဘ၀မှာ သမားရိုးကျ မဟုတ်တဲ့ ရင်ခုန်သံလေးတစ်ခုပေါက်ဖွားရာကနေ သဘာ၀မကျတဲ့ချစ်ခြင်းတစ်ခုကဖြစ်တည်လာခဲ့ပါတယ်၊

ဘယ်သူထင်လိမ့်မလဲနော် ငယ်ငယ်လေးကတည်းက ကိုယ့်မျက်စိအရှေ့မှာကြီးပြင်းလာခဲ့ပြီးမှ ကိုယ့်ကို အစ်ကိုရင်းတစ်ယောက်လိုမျိုး သံယောဇဉ်ကြီးရှာတဲ့ ကောင်လေးတစ်ယောက်အပေါ်ကိုမှ ကျွန်တော့်ဘက်ကအဖြူထည်မဟုတ်တော့တဲ့ အရောင်တွေဆိုးမိသွားလိမ့်မယ်လို့လေ၊

ဘ၀မှာအချစ်ဆိုတဲ့အရာကို တစ်ခါမှလေ့လာဆည်းပူး ၊ မြည်းစမ်းကြည့်ဖို့ရာအချိန်မရှိခဲ့တဲ့ကျွန်တော့်လိုမျိုးလူတစ်ယောက်ရဲ့အချစ်ဦးကလေ...ကျွန်တော့်အပေါ်အမြဲအတုယူလေးစားအားကျရပါတယ် လို့ပြောတတ်တဲ့ ကောင်လေး ဖြစ်နေခဲ့ပါသတဲ့၊ အချစ်ဆိုတဲ့ စိတ္တဇနာမ်က ဘယ်လောက်တောင်မှဆန်းကြယ်လိုက်သလဲဆို..ကျွန်တော့်ရဲ့ တိတ်တခိုးအချစ်ကလေး မောင်က အခုမှ ၁၈နှစ်အရွယ်ပဲရှိပါသေးတဲ့ ဆယ်တန်းကျောင်းသားလေးတစ်ဦးပေါ့၊

ပြောရမယ်ဆို မောင်က ကျွန်တော့်ရဲ့ ဂိုက်ကျောင်းသား အလိမ္မာတုံးလေး၊

ကျွန်တော် မောင့်အနားမှာပို၍နီးကပ်စွာ ရှိနေနိုင်ဖို့အတွက်အခွင့်အရေးရခဲ့တဲ့ မှတ်မှတ်ရရ နေ့စွဲလေးတစ်ခု...၊ ထိုနေ့ကား ကျွန်တော့်ဘ၀ရဲ့ ရင်ခုန်ရဆုံးနေ့စွဲလေးတွေထဲမှာမဖြစ်မနေ အပါအ၀င်ပဲပေါ့၊

ဇွန်လ ၁၅ရက် ဗုဒ္ဓဟူးနေ့ ။

"သား အံ့ဩဖွယ် ရှိသလား အံ့ဩဖွယ်ရေ "

ကျွန်တော် ကျောင်းကနေပြန်ရောက်ကတည်းက ယူနီဖောင်းတောင်လဲလှယ်မ၀တ်အားသေးဘဲ ညစာအတွက်ထမင်းအိုးတည်ဖို့ရန် ပြင်နေတုန်းမှာပဲ အိမ်အရှေ့ခန်း အိမ်ပေါက်၀ကနေ ခေါ်သံကြားလိုက်တာမို့ မီးဖိုခန်းထဲကနေ အပြေးလေးထွက်လာခဲ့လိုက်မိတယ်၊

You've reached the end of published parts.

⏰ Last updated: Jan 15, 2023 ⏰

Add this story to your Library to get notified about new parts!

 "One Shot Collection"Where stories live. Discover now