scj project ထဲက heejay oneshot လေးပါ-ⁱᵗ'ˢ ᵐᵉ,ʸᵒᵘʳ ᶜᵃˡⁱᶜᵒ-
-I know I want it
입에 바른 소린 이제 그만 할게
အခုတော့ ငါ့နှုတ်ခမ်းကနေ ဒီစကားတွေပြောနေတာကို ရပ်လိုက်တော့မယ်
Cauze I deserve it,deserve it-မပြီးဆုံးနိုင်သော စာသင်ချိန်များအကြားတွင် သူပျင်းပျင်းရိရိဖြင့် သက်ပြင်းချမိသည်။စာသင်နေဆဲဖြစ်သော်လည်း သရုပ်ပျက်စွာ ဆူညံနေသော သူတို့အတန်းကြောင့် သူ့သက်ပြင်းချသံမှာတော့ မပီမပြင်။
အိပ်ငိုက်နေသည့် အရိပ်အယောင်ဖြင့် သင်ခန်းစာပို့ချနေသည့် ဘာသာရပ်ပြဆရာ၏အသံသည် ဗလုံးဗထွေးဖြင့်သာ။ထို့ကြောင့်ပင် ကျောင်းသားများသည် တစ်ယောက်တစ်ပေါက်ဖြစ်နေပုံရသည်။အတန်းပေါက်ဝကိုသာ စိတ်ရောက်နေသည့် သူသည်လည်း အပါအဝင်။
သူ့၏စားပွဲခုံကို လက်ဖြင့်လာခေါက်သော အသံကိုကြားမှ သူ့အာရုံသည် ပစ္စုပ္ပန်သို့ ရောက်သည်။တရားခံမှာတော့ သူနှင့်ဘေးချင်းကပ်ရပ်တွင် တူတူထိုင်သည့် ကျောင်းသူတစ်ယောက်။
ချွန်မြမြဖြစ်နေသော လက်သည်းတို့ဖြင့် စာရွက်အပိုင်းအစတစ်ခုကို တွန်းပေးလေသည်။ထိုအပိုင်းအစပေါ်တွင်တော့ သေသေသပ်သပ်ရေးထားသည့် စာလုံးအချို့။သို့သော် သူကတော့ ထိုစာလုံးတွေထက် သပ်ရပ်နေသည့် လက်သည်းရှည်တို့ကိုသာ စိတ်ဝင်စားသည်။
သူ၏ ပွန်းပဲ့နေသည့် လက်သည်းထိပ်များနှင့် ကွာခြားလှသည့်အတွက်ကြောင့်။
သူစိတ်ဝင်စားသည်မှာ အတန်းဖော်မလေး၏ လက်သည်းများဖြစ်သော်လည်း ထိုအတန်းဖော်မလေး၏ စိတ်ဝင်စားမှုမှာတော့ သူကိုယ်တိုင်ဖြစ်ပုံရသည်။
မရိုးနိုင်သော အကြောင်းပြချက်အမျိုးမျိုးနှင့် ညနေကျောင်းဆင်းချိန်တွင် မုန့်အတူတူစားရန် ရေးထားသည့် စာရွက်အပိုင်းအစလေးကို သူအာရုံမရှိခြင်းမှာ ထိုအကြောင်းပြချက်ကြောင့်ပင်ဖြစ်လိမ့်မလား။
အဘယ်ကြောင့်ဆ်ိုသော် သူ၏ စိတ်ဝင်စားမှုသည် ထိုအရာတစ်ခုတည်းတွင်သာရှိသောကြောင့်........။
-ⁱᵗ'ˢ ᵐᵉ,ʸᵒᵘʳ ᶜᵃˡⁱᶜᵒ-
နားထင်မှ စီးကျနေသည့် ချွေးစက်များကို သူလျစ်လျူရှုကာ သူမလှုပ်မယှက် ရပ်နေမိသည်။တိတ်ဆိတ်နေသော အခန်းကျယ်ကြီးတွင် အသက်ရှုသံခပ်ပြင်းပြင်းကသာ ကြီးစိုးလျက်။