စက္ကန့်တွေကို ရေတွက်ရင်း
ကိုယ်ပိုင်တိမ်တိုက်လေးမှာ နစ်မြောဖူးတယ်ပြန်လည်ဖြေကြားမှု မပြုခဲ့တဲ့ Phone Callတွေကို
တစ်ခါထပ် ပိုခေါ်ခဲ့ဖူးတယ်အသိအမှတ်အပြုမခံရတဲ့ ခံစားချက်တွေကို
တစ်ကြိမ်ထပ်ပို ထုတ်ပြခဲ့ဖူးတယ်ချစ်ပါတယ်လို့ အကြိမ်ကြိမ် ညာတဲ့
အဲ့နှုတ်ခမ်းတွေကိုလည်း
ရူးရူးနမ်းနမ်းလွမ်းခဲ့ဖူးတယ်ဘယ်လ်ိုလုပ်ရမလဲ။
ဘယ်ကို သွားရမလဲ။
ဘယ်ဆီ နားရမလဲ။မေးခွန်းပေါင်းများစွာနဲ့
အရူးတစ်ယောက်လို တွေဝေခဲ့ဖူးတယ်။သူ မချစ်ခဲ့တဲ့ ဖြစ်တည်မှုဟာ
အပြာရောင် ပြောင်းသွားခဲ့တယ်
အကယ်၍လေ...
ကြုံကြိုက်လို့ပဲဖြစ်ဖြစ်
မတော်တဆပဲဖြစ်ဖြစ် 47 ဇုံလေးဆီ
ရောက်ဖြစ်ခဲ့မယ်ဆိုရင်.....တစ်ချက်ကလေးဖြစ်ဖြစ် သတိရပေးဖို့တော့
မျှော်လင့်မိတယ်မျှော်လင့်ရုံလေးပါ...။
ရင်ခွင်ကျယ်နဲ့ ကွာဝေးခဲ့တဲ့ ဒီနှစ်တွေအတွင်း
အဝါရောင်ပန်းတွေဟာ ...
ဥယာဉ်မှုးကို လွမ်းနေခဲ့ကြောင်း။ယာယီနားမှန်း မသိ၊
ကြာရှည်နားမှန်း မသိ
စွတ်ရွတ်ကြိုဆိုခဲ့တဲ့ ဇရပ်အိုလေးလို၊
ဆူးကျိုးသွားတဲ့ နှင်းဆီလေးလို ၊
တောင်ပံပြတ်တဲ့ ငှက်တစ်ကောင်လို၊
ကျွန်တော် လမ်းပျောက်နေခဲ့တဲ့အကြောင်း။ပြောပြချင်တယ် 'အက်ို''
အဆင်ပြေပါတယ် ပြောနေခဲ့ပေမယ့်
ကျွန်တော် ခင်ဗျားကို လိုအပ်နေခဲ့ကြောင်းကို...။စကားတွေနဲ့ လိမ်လို့ရပေမယ့်
မျက်ဝန်းတွေနဲ့ လိမ်လို့မရဘူး
ပြောပြချင်တဲ့ ချစ်စကားတွေကို
အစ်ကို မကြားချင်မှန်းသိလို့....တခမ်းတနားထုတ်ဖော်ပြမနေတော့ဘူး။
ဆွေးမြေ့နာကျဉ်နေတဲ့ အစိတ်အပိုင်းလေးတစ်ခု
သက်သက်ပါ အကိုရယ်...ကျွန်တော်လေ
သိပ် ...သိပ် ချစ်ခဲ့ရပါတယ်။___
YOU ARE READING
"I told the moon about you"
Fanfictionမင်း ထွက်သွားချင်တယ်ဆိုရင် ... ကိုယ့်မှာ တားခွင့်မရှိပါဘူး ။