Tear(မျက်ရည်)
Ep(15)
နာကျင်လွန်းတဲ့ လည်ပင်းက ဒဏ်ရာကြောင့်
ကျနော်အသက်ပင်ကောင်းကောင်း မရူနိုင်တော့....
မှောင်ပိတ်နေတဲ့ အခန်းငယ်ထဲမှာ
ထမင်းမစား ရေမသောက်ပဲ
ရှိနေခဲ့တာ...... ဒါနဲ့ ဆိုရင်
သုံးရက်မြောက်ပါ.......ကျနော် ကိုကို့ ကိုလွမ်းတယ်.......
ကျနော်လိုအပ်ချိန်တိုင်း အနားမှာ အမြဲရှိနေပေးပြီး
နွေးထွေးပေးတတ်တဲ့
လူကြီးကို ကျနော် အရမ်းပဲ လွမ်းလိုက်တာ.....အသွေးအသားတွေ ခမ်းခြောက်သွားပြီး
ဒီအခန်းထဲမှာပဲ ကျနော်သေသွားခဲ့မယ်ဆိုရင်တောင်
အမြတ်နိုးဆုံးတောင်းချင်မိတဲ့ နောက်ဆုံးဆုတောင်းက
ကိုကို့ မျက်နှာလေးကို အနီးကပ်ထပ်တွေ့ချင်မိတယ်
အနွေးထွေးဆုံး အပြုံးတွေကို ကျနော်ထပ်ပြီး
မြင်ချင်မိသေးပါရဲ့.......
နောက်ဆုံးတစ်ခေါက်လောက်ပဲ ကိုကိုနဲ့ တွေ့ခွင့်ရရင်
ကျနော့်ဘဝမှာ ဘာမှ ထပ်ပြီးလိုချင်တာမရှိတော့ပါဘူး....ဒေါက်....ဒေါက်....ဒေါက်......
အခန်းတံခါးခေါက်သံ နဲ့အတူ မီးအိမ်တစ်ခုကို
လက်ကဆွဲ ကိုင်ကာ ဝင်လာခဲ့တဲ့ Hoseok .....
ထမင်းဟင်းတွေ ပြင်ဆင်၍ ဝင်လာကာ....Hoseok:" ထမင်းထစားပါဦး Jimine....
မင်းအခုလို နေနေတာ ကြာရင် ပြသာနာတတ်လိမ့်မယ်နော်..''Jimin:" ငါ ကိုကို့ ကိုတွေ့ချင်တယ် Hoseok....
ကျေးဇူးပြုပြီး ငါ့ကို ကိုကို့ ဆီခေါ်သွားပေးပါ နော်....''Hoseok:" မဖြစ်နိုင်ဘူး Jimine....
ငါ မကူညီပေးနိုင်လို့ စိတ်မကောင်းပါဘူး...ငါ....''Jimin:" မင်းလဲ ငါ့ကို မကူညီနိုင်ဘူးပဲ....
ငါ....ကိုကို့ ကိုအရမ်းလွမ်းတာပဲ....ငါ...ငါ....
တကယ်...အရမ်း...သတိရတယ်......''Hoseok:" Jimine.... ရယ်.....''
Jimin: " ကိုကိုကလေ...ငါ့ကို သူ့အနားက ထွက်မသွားဖို့
ခနခနပြောနေခဲ့တာ...တောင်းပန်နေခဲ့တာ....
ဒါပေမယ့် ငါအခုသူ့ဘေးမှာ မရှိပေးနိုင်တော့ဘူး.....
ကိုကို...ငါ့ကို အရမ်းစိတ်ပူပြီး လိုက်ရှာနေတော့မှာ.....
ငါ....ငါ.....သူ့ဘေးမှာ ရှိနေ..ပေးချင် လိုက်တာ.....''