PART 64.2(Z+U)

1.5K 116 17
                                    

Zawgyi

ရှန်းက ခပ်သွက်သွက်ဆင်းလာခဲ့ပြီး ညစာအတွက်စားစရာတွေကိုပြင်နေသည့်ဒေါ်နှင်းမမအနားမှာသာ ပြန်ကပ်နေလေ၏။
ဒေါ်နှင်းမမကတော့ ရှန်းကို သက်တောင့်သက်သာပဲနေဖို့ပြောပေမယ့် ရှန်းရဲ့အနည်းငယ်ကြောင့်ကြနေပုံလေးကိုတွေ့တော့လည်း စကားစမြည်ပြောနေဖြစ်၏။

"သားရှန်း... ဘာတွေကြိုက်လဲ... အကြိုက်ဆုံးတွေရှိလား၊ နောက်တော့ မားချက်ပြီးပို့ပေးမယ်လေ"

"အကြိုက်ဆုံးရယ်လို့မရှိပါဘူး... ဘယ်ဟင်းဖြစ်ဖြစ်စားတာပါပဲ"

"ဂျေးမများဘူးလို့ဆိုရမလားပဲ... ဒါဆို ဒါလေးမြည်းကြည့်မလား"

မာလာငါးဟင်းတစ်ပွဲကို အနားတိုးပေးလာတော့ရှန်းက နည်းနည်းလေးခပ်မြည်းကြည့်လိုက်၏။ လျှာလေးကို တစ်လစ်တစ်လစ်လေးသပ်ကာ အရသာခံနေပေမယ့် တော်တော်နဲ့ဘာမှမပြောလာ။

ဒေါ်နှင်းမမက မျက်ခုံးလေးပင့်ပြီး ဘယ်လိုနေသလဲမေးတော့ ရှန်းက ဇဝေဇဝါလေးနဲ့
"ဘယ်လိုလဲ... ကျွန်တော်မပြောတတ်ဘူး"

"ဟောတော်"

ဒေါ်နှင်းမမက သဘောတကျရယ်တော့ ရှန်းက ဟီးကနဲသွားလေးတွေပေါ်အောင် ရှက်ကိုးရှက်ကန်းရယ်မိ၏။

"ကျွန်တော်က ဘယ်အရသာရှိမှ အဲဒီဟင်းကအရသာရှိတာလို့ ပုံသေကြီးမသတ်မှတ်ထားတတ်ဘူး... စားလို့အဆင်ပြေနေတယ်ဆို ရပြီ၊ ဘယ်အရသာဖြစ်ဖြစ်စားပါတယ်... ဒါပေမယ့် ဒါကတော့ တကယ်အရသာကောင်းတယ်"

ရှန်းက စိတ်ထဲရှိသည့်အတိုင်းပြောပြဖြစ်တော့ ဒေါ်နှင်းမမရဲ့နူးနူးညံ့ညံ့အပြုံးက အဓိပ္ပါယ်များစွာ သက်ရောက်နေ၏။
ကရုဏာသက်ဝင်မှု၊ အနည်းငယ်ဝမ်းနည်းသွားမှုနဲ့ ကိုယ့်ကလေးလေးပမာ ချစ်ခင်မိသည့်စိတ်တို့က ရှန်းအပေါ် ထားမိသည်ပင်။

အခုလည်း ဟင်းတွေကိုအနံ့လိုက်ရှူ ကြည့်နေသည့်ရှန်းကို ပြုံးပြုံးလေးကြည့်နေမိပြန်သည်။

"အနံ့ကရောဘယ်လိုတုန်း... ဘယ်အနံ့ဖြစ်ဖြစ်တော့ အဆင်မပြေဘူးမလား"

"အဒါတော့ဟုတ်တယ်... ဒါပေမယ့် အနံ့ကမွှေးနေပြီဆိုရင် အဲဒီဟင်းက အရသာကောင်းမယ်လို့ သေချာပေါက်ယူဆလို့ရတယ်လေ... အခုလည်း မွှေးနေတာပဲ"

"My Only One" ✔️Donde viven las historias. Descúbrelo ahora