အပိုင်း ၁၁၇၅-၁၁၇၆

259 21 0
                                    

စာစဥ် ၆၁ : အပိုင်း ၅

အပိုင်း ၁၁၇၅ : ဇူရီက နဂါးများကို ဖမ်းဆီးခြင်း

ကောင်းကင်အပေါ်၌ ခမ်းနားထည်ဝါသော ရွှေရောင် တစ်ခုက ပျံသန်းလာကာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ် စာသင်သားတစ်ယောက် ပါလာသည်။ သူ၏ မျက်နှာအပေါ်တွင် ရင်ကွဲပက်လက် ဖြစ်နေသော အမူအရာတစ်ခုကို တွေ့နိုင်သည်။ သူသည် ဇူရီဖြစ်၏။

အစောပိုင်းက သူ၏ ရင်အတွင်း၌ လှုပ်ရှားသွားခဲ့ပြီး နိမိတ်မကောင်းသော ခံစားချက် တစ်မျိုး ပေါ်လာခဲ့သည်။

ယခုအချိန်တွင် သူသည် လောင်ကျွမ်းနေသော မီးတောက်နဂါး ဘုရင်၏ လက်သည်းကြားမှ အပြာရောင်ခန်းမ သူတော်စင်ကိုသာ တွေ့ခဲ့ရပြီး ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ ကျန်သော အခြားကျင့်ကြံသူများကို မတွေ့ခဲ့ရပေ။

သူသည် အစောပိုင်းက ဖြစ်ခဲ့သော အရာများကို မတွေ့ခဲ့ရသော်လည်း သူ၏ ရင်အတွင်း၌ လေးလံသွား၏။ အစောပိုင်းတွင် သူ၏ ရင်အတွင်း၌ အဘယ်ကြောင့် လှုပ်ရှားသွားခဲ့သည်ကို သဘောပေါက်လိုက်သည်။

ဂူလေနှင့် သူ့ဇနီးတို့က ကပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ဇူရီသည် ကောင်းကင်သို့ ကြည့်၍ ဟိန်းဟောက်လိုက်ကာ သူ၏လက်ဝါးအား ဟီဂန် ရွှေရောင်တံတား အပေါ်၌ ရိုက်ချလိုက်သည်။ ကျယ်ပြန့်လှသော ရွှေရောင်တံတားသည် အောက်မှ လောင်ကျွမ်းနေသော မီးတောက်နဂါး ဘုရင်အပေါ်သို့ ကျဆင်းသွား၏။

လောင်ကျွမ်းနေသော မီးတောက်နဂါး ဘုရင်၏ အမူအရာသည် လျင်မြန်စွာနှင့် ပြောင်းသွား၏။ အကယ်၍ ဇူရီ တစ်ယောက်တည်းသာဆိုလျှင် သူက ရင်ဆိုင်နိုင်ဦးမည် ဖြစ်သည်။ သို့သော်လည်း ဟီဂန် ရွှေရောင်တံတားကိုမူ သူက မခုခံနိုင်ပေ။

ကျယ်ပြန့်လှသော ရွှေရောင်အလင်းတန်း ကျဆင်းလာသော အခါ နဂါး ကျက်သရေ တိမ်တိုက်များအား ပင်လယ်ကို ဖြတ်တောက်ခဲ့သကဲ့သို့ ဆွဲဖြဲလိုက်သည်။ မီးတောက်ပင်လယ်သည် နေရာအနှံ့သို့ ပျံ့လွင့်သွားကာ မီးမိုးများအဖြစ် ရွာကျသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora