//9//

1.1K 71 4
                                    

//9//

လုလင်ပျို စိတ်ထင်တာသာ ဖြစ်မည်။ဒီရက်ပိုင်း သုတက သူ့ကိုမျက်စိဒေါက်ထောက်ကြည့်နေသလို။

ယခုလဲ တစ်စုံတစ်ယောက်သူ့ကိုစိုက်ကြည့်နေသလို ခံစားရ၍ လှည့်ကြည့်လိုက်ရာ သူ့အလုပ်သူလုပ်နေသော သုတကိုသာတွေ့လိုက်ရသည်။
''သုတ မင်းခုနငါ့ကိုကြည့်နေတာလား?''

သုတက ခပ်စူးစူးဖြေလာသည်။
''ငါက ဘာကိစ္စကြည့်ရမှာလဲ?''

လုလင်ပျိုသည် ထပ်မမေးတော့ဘဲ ခေါင်းကိုသာညိတ်လိုက်ရင်း customer ထွက်သွားပြီဖြစ်သော စားပွဲကို သန့်ရှင်းရေးလုပ်လိုက်သည်။ သူတို့ ကိတ်ဆိုင်လေးက ရောင်းရသည်မှန်သော်လည်း ထိုင်စားသည့် လူကသိပ်မရှိလှ။သို့အတွက် လုလင်ပျိုတို့နှစ်ယောက်ထဲနှင့် လက်လည်သည်။ သုံးယောက်စု ဖွင့်ထားသည် မှန်သော်လည်း ဇွဲကိုက ငွေပိုစိုက်ထားကာ သူ့အလုပ်နှင့်သူ မအားသဖြင့် ဆိုင်ကို တစ်ခါတစ်လေသာ လာသည်။ဇွဲကိုတို့  မိသားစုသည် ရန်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချသည့် ကုမ္ပဏီအသေးစားလေးတစ်ခု တိုးချဲ့ဖွင့်ထားသဖြင့် တစ်ဦးတည်းသော သားဖြစ်သူ ဇွဲကိုက ထိုကုမ္ပဏီကို ဤနှစ်တွင် ဦးစီးနေရခြင်းဖြစ်သည်။

မလာစဖူး အလာထူးသည့် ဇွဲကိုက ယနေ့တေ့တေ့ဆိုင်ဆိုင် ပေါက်ချလာသည်။ဇွဲကိုရောက်လာလျှင် သုတနှင့်နှစ်ယောက်သား လုလင်ပျို ရှေ့လျှောက်လာပြီး ခပ်စူးစူးကြည့်လာကြ၏။

လုလင်ပျို လန့်သွားတော့သည်။
''မင်းး မင်းတို့ကောင်တွေ ဘာဖြစ်တာတုံးဟ!''

သုတက စပြောလာသည်။
''မင်းနဲ့ စာရင်းရှင်းစရာရှိလို့ !ကဲထိုင်ပါအုံး ကိုယ်တော်ချော!''

ဇွဲကိုကလည်း မျက်မှောင်ကြုံ့လျက် ထိုင်ရန်မေးဆတ်ပြလာသည်။လုလင်ပျိုက မျက်နှာငယ်လေးနှင့် ထိုင်လိုက်လျှင် ကျန်နှစ်ယောက်က သူနှင့်မျက်နှာချင်းဆိုင်တွင် လက်ပိုက်လျက်ဝင်ထိုင်ပြီးရှုတည်တည်ပုံစံဖြင့်သူ့ကိုကြည့်လာ၏။
''ပျို ဟိုနေ့က မင်းကိုဦးမှိုင်းရဲ့တူနဲ့ ရုပ်ရှင်ရုံနားမှာလက်ချင်းတွဲပြီးတွေ့လိုက်တယ်လို့ဇွဲကိုကပြောတယ်!''

သြော် ချစ်ဖူးစာရယ်တဲ့လေ(Completed) Where stories live. Discover now