၁လခန့်ကြာသော်...။
"မ ရေ...မ..."
"မ အပေါ်ထပ်မှာ ဘေဘီ..."
ရုံးကပြန်ရောက်သည်နှင့် အိမ်ကိုသာတန်းပြန်လာလေ့ရှိသော ဂျီဟျွန်းသည် အိမ်ထဲဝင်သည်နှင့် သူ့ကိုစောင့်ကြိုနေကြ မ မရှိသောကြောင့် အော် မေးလိုက်မိသည်။
အပေါ်ထပ်တွင်တော့ ယွန်းဟွာသည် သူမ၏Clientတစ်ယောက်နှင့်ဖုန်းပြောနေတာဖြစ်ကာ အောက်သို့ဆင်းရန်မအားသောကြောင့် ဟျွန်းလေးကိုမကြိုဖြစ်ခြင်းပင်ဖြစ်သည်။
ဟျွန်းလေးသည် အပေါ်သို့တက်လာကာ ယွန်းဟွာရှိနေသည့် စာကြည့်ခန်းထဲသို့ဝင်၍ ပြတင်းနားတွင်မတ်တပ်ရပ်ကာ ဖုန်းပြောနေသော ယွန်းဟွာကို နောက်မှသိုင်းဖက်လိုက်လေသည်။ယွန်းဟွာသည် ခန္ဓာကိုယ်လေးတွန့်သွားကာ ဂျီဟျွန်းကိုတွန်းဖယ်၍ အသံတိတ်ဖြင့် လက်ဟန်ခြေဟန်ပြကာ သူမ ဖုန်းပြောနေသည်ကိုမနှောင့်ယှက်ရန် ပြုလိုက်သည်။ထိုအခါ ဂျီဟျွန်းသည် မျက်နှာမဲ့ကာ ယွန်းဟွာ၏ လည်ကုတ်ကလေးကို ဆတ်ခနဲနမ်း၍ အဝတ်အစားလဲရန် သူတို့၏အိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။
ဂျီဟျွန်းတို့သည် ဆုန်းအိမ်တော်တွင်မနေတော့ပဲ သူတို့၏မြို့စွန်ရှိ ကမ်းခြေနားတွင် ဆောက်ထားသော စံအိမ်ကြီးကိုဝယ်ယူ၍ နှစ်ယောက်အတူနေဖြစ်ကြသည်။ထိုစံအိမ်ကြီးကို အီထယ်က လက်ဖွဲ့ပေးပါသော်လဲ ဂျီဟျွန်းက သူ့ဇနီးလေးကို သူကိုယ်တိုင်ဝယ်ထားသောအိမ်တွင်သာနေစေချင်သည်ဟုဆိုပြီး အတင်းကိုပြန်ဝယ်သွားခြင်းဖြစ်သည်။ပြီးတော့ ပြောလိုက်သေးသည်။
"ကျွန်တော်က အခု..မ ကို အိမ်တစ်ဆောင်မီးတစ်ပြောင်မကဘူး၊ အိမ်၁၀ဆောင်ထက်တောင်ကျော်အောင် ကျွန်တော့်အရည်အချင်းနဲ့ ကျွန်တော်ထားနိုင်နေပြီဗျ..." တဲ့လေ။
နှစ်တွေသာ ကြာသွားသော်လဲ ဂျီဟျွန်းသည် ယွန်းဟွာနှင့်ပက်သက်လျှင် ကလေးဆန်မြဲ ဆန်ဆဲပင်ဖြစ်သည်။
အဝတ်အစားလဲပြီးသော် ညစာစားဖို့ ခေါ်ရန် စာကြည့်ခန်းထဲသို့ သူပြန်ဝင်လာခဲ့သည်။သို့သော်လဲ မ သည်ယခုအချိန်ထိ Clientနှင့်ဖုန်းပြော၍ မပြီးသေးပေ။မ၏အလုပ်ကိစ္စဖြစ်နေ၍ စိတ်ရှည်ရှည်ထားကာ စာကြည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ရင်း မနေ့ညက ဖတ်လက်စ စာအုပ်တစ်အုပ်ကိုယူဖတ်နေလိုက်သည်။

STAI LEGGENDO
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...