Part(26)

7.2K 190 3
                                    

"မောင့်သခင်မ နေခြည်ထိပ်ထား♡"

Part (26)
---------------
---------------

"ရှင်ဘာတွေလာပြောနေတာလဲ!! အရီးဘယ်မှာလဲ!!အရီးရေ!!အရီး!!"

"ခေါ်မနေနဲ့!!အရီးမရှိဘူး!!အခုဒီမှာမောင်နဲ့ထိပ်ထားပဲရှိတာ!!ဆေးခန်းသွားမယ်မှတ်လား!!လာ!!"

"ဘာ!!သွား ရှင်ပြန်!!ဆေးခန်းကျွန်မဘာသာသွားမယ်!!"

"မရပါဘူး!!ဘာလို့ထိပ်ထားတစ်ယောက်ထဲသွားမှာလဲ!!မောင်တစ်ယောက်လုံးရှိနေတာပဲ!! လာပါ!!မောင်နဲ့အတူသွားမယ်!!"

"မသွားဘူးလို့ပြောနေတယ်နော်!!ရှင်ပြန်မလား မပြန်ဘူးလား!!"

"ထိပ်ထားကလဲ!!မောင်က ထိပ်ထားကိုဆေးခန်းလိုက်ပို့ဖို့စောင့်နေတဲ့ဟာကို!!"

ချက်ချင်းဆိုသလို  ထွက်မလာသေးတဲ့ ထိပ်ထားဗိုက်ထဲက ကလေးထက်နှုတ်ခမ်းထော်ကာပိုချွဲပြနေတဲ့ သူ့ကိုကြည့်ကာ ထိပ်ထားအံ့ဩသွားရသည်

"ရှင်ဘယ်လိုဖြစ်နေတာလဲ!!"

"မောင်နဲ့အတူတူသွားမယ်လို့ထိပ်ထားကလဲ!!"

"ရှင်ဘာတွေ ကလေးကလား လာလုပ်နေတာလဲ!! ပြန်!!"

"မပြန်ဘူး!!!လုံးဝမပြန်ဘူး!!ဒီနေ့ထိပ်ထားနဲ့အတူဆေးခန်းမလိုက်ရရင် ဒီမှာပဲနေပစ်လိုက်မှာနော်!!"

■သွားပြီ....
ဒီလူသားကိုထိပ်ထားပြောမနိုင်တော့....
ထိပ်ထားပြောသမျှကို ဘေးကနေ ကပ်ချွဲကာ ဂျီကျနေတဲ့သူ့ကြောင့် နောက်ဆုံးလက်လျော့လိုက်ရသူက ထိပ်ထားပင်...
တကယ်ပင်သူ့ကိုပြောမနိုင်တော့...

💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦

ထိပ်ထား ဗိုက်လေးကိုလက်နဲ့ကိုင်ကာ ရွာလမ်းအတိုင်းတဖြည်းဖြည်းလမ်းလျှောက်လာခဲ့သည်

ဇတ်ခနဲဆိုသလို ထိပ်ထားလက်တစ်ဖက်ကို ဆွဲလိုက်သူက တော်ဝင်မဟာ....

"ရှင်ဘာဖြစ်နေတာလဲ!!"

ရွာလမ်းကိုတောင်ကြည့်မြောက်ကြည့်နဲ့  အသံခပ်ကြိတ်ကြိတ်နဲ့သူ့ကိုမေးလိုက်စဉ်

"ဘာဖြစ်ရမှာလဲ ထိပ်ထားချော်လဲမှာစိုးလို့လေ လက်ကိုင်ပေးထားတာလေ!!"

မောင့်သခင်မ နေခြည်ထိပ်ထား(Complete)(Unicode)Where stories live. Discover now