Tae's Mine💚💜part(20)ဇာတ်သိမ်းပိုင်း

2K 64 1
                                    


ရှုပ်ထွေးနေတဲ့လေဆိပ်က လူတွေကြားမှာ တစ်ယောက်ကိုယ်တစ်ယောက်ဖက်ပြီးတရှုံ့ရှုံ့ငိုနေတဲ့၂ယောက်ကို သံဝေဂရသလိုသာဂျောင်ကုကြည့်နေမိတော့တယ် ရှိနေတော့လည်းမတည့်တကျက်ကျက်ရန်ဖြစ်နေပြီး ခုပြန်မယ်ဆိုတော့လည်း သတိရနေမှာဆိုပြီးတဖွဖွပြောရင်းရှိုက်ငိုနေကြတာ ထိုအခြေနေကိုဝင်ထိန်းလိုက်တာက ယွန်းဂီသာ

" ဖက်ထုပ်လေး အများကြီး မငိုနဲ့တော့နော် အယ်မလီဆီသွားလည်လို့ရတာပဲ"

" လီလီ ငါတို့နင့်ဆီလာလည်မှာနော် အဲ့ကျလို့ငါ့ကိုမသိချင်ယောင်ဆောင်နေလို့ကတော့ ဂျီမင်အကြောင်းသိစေရမယ့် ဟင့်..."

" ငါ့ဆီသာရောက်အောင်လာလည်စမ်းပါ ယောကျာ်းနားပဲကပ်နေပြီး ငါ့ကိုမေ့ထားရင်ကိုရီယားကိုပြန်လာပြီး ဒီထက်မကပိုသေးသွားလုပ်ပြစ်မှာသိလား အသေးလေး အီးဟီးးး"

" ရွှတ်.."

" ငါ့ကိုနှာချေးတွေနဲ့သုတ်လိုက်တာလား အသေးကောင်"

" ဘာလို့လဲသုတ်လို့မရဘူး ..ဒါလေးတောင် အင့်ဟင်းးးပြောတော့ခင်တယ်လေးဘာလေးနဲ့"

" ငါလေယာဉ်ပေါ်တက်ရမှာလေ ညစ်ပတ်ကုန်မှာပေါ့ အီးဟီးး နင့်ကိုပြန်သုတ်မှာ ရွှတ်..ရွှတ်"

" ငါလည်းပြန်သုတ်မှာ မွှေးနီမ.."

" အဲ့ဒါဆိုငါလည်းသုတ်မှာ..ဗျစ်..ရွှတ်"

၂ယောက်သားနှာချေးတွေအပြိုင်ဆိုင်ညစ်ပြီးသုတ်နေတာကြောင့် ဘေးမှာရှိနေတဲ့လူတွေအကုန်အော်ဂလီဆန်လာတော့တယ် ဟို၂ကောင်ကတော့မိုးမမြင်လေမမြင် တဗျစ်ဗျစ် တရွှတ်ရွှတ်နဲ့

" ကဲတော်ကြာတော့ မင်းတို့၂ကောင်လုံးနှာချေးပင်လယ်ထဲမြောတာအရေးမကြီးဘူး ဘေးကငါတို့ပါရောပြီးလက်ပြစ်ကူးနေရမယ်"

ဂျောင်ကုဝင်ပြောလိုက်တော့ ၂ယောက်သားမကျေမနပ်နဲ့ လှမ်းကြည့်ပြီး

" အုန်းသီးခေါင်း မင်းပါအသုတ်ခံချင်လို့လား"

" babyပါအသုတ်ခံချင်လို့လား"

၂ယောက်သားသံပြိုင်ထွက်လာတာ ဒါမျိုးဆိုသိပ်ညီတဲ့၂ယောက်

" တော်တော့ လေယာဉ်ထွက်ဖို့အချိန်နီးနေပြီ ငါ့မဂ်လာဆောင်ကြရင်တော့လာရမယ်နော် လီလီ"

Tae's Mine (Completed)Where stories live. Discover now