Zawgyi
{ နှလုံးသားနဲ့ရင်းပြီး တီးတိုးဖြေမယ် }
ထိုကိစ္စကို ဘယ်သူကမှ အစပြန်မဖော်တော့ဘဲ အေးအေးဆေးဆေးသာအိပ်လိုက်ကြပြီး နောက်မနက်ရောက်တော့လည်း ပုံမှန် "ဗိုလ်နေမြဲ၊ ကျားနေမြဲ"သာပြုမူကြကာ အဏ္ဏဝါကိုလိုက်ပို့ပြီးရှန်းကရုံးကိုသွား၏။
သူတို့နေရက်တွေဟာ အချစ်တွေ၊ အကြင်နာတွေနဲ့ပြည့်မြဲပြည့်နေဆဲဖြစ်သလို ဂရုစိုက်မှုတွေကလည်းလျော့မသွားခဲ့ပေ။ဒါပေမယ့် ဒီရက်ပိုင်း အဏ္ဏဝါက ကိစ္စတစ်ခုနဲ့အလုပ်ရှုပ်နေတယ်ဆိုတာကို ရှန်းသတိထားမိသည်။ ပြီးတော့ မေးရင်လည်း သာမန်ကာလျှံကာသာဖြေတာကြောင့် သူ့ကိုလျို့ဝှက်ထားသည့်ကိစ္စဆိုတာ သူသိသည်။
ဘယ်မှာလဲမေးရင်လည်း မလာနဲ့၊ သူပဲလာမယ်ဆိုတာချည်းပြောတတ်သည်။ဒါကြောင့် ဒီမနက်တော့ ရှန်းက အဏ္ဏဝါကိုဖုန်းဆက်မနေတော့ဘဲ တစ်ယောက်တည်းမနက်စာသွားစားလိုက်၏။
ကြည်လင်းသန့်ကတော့ သူ့ကိုတလေးတစားနဲ့ကြိုဆိုမြဲပင်။"အစ်ကိုရှန်း... မတွေ့ရတာတောင်ကြာပြီနော်"
"ဟုတ်တယ်နော်... အစ်ကိုလည်းအခုတလောအစားအသောက်ကမှန်နေတော့ အပြင်သိပ်ထွက်မစားဖြစ်တော့ဘူး"
"ယောက္ခမကြီးက ခဏခဏဖိတ်နေလို့မဟုတ်လား"
ကြည်လင်းသန့်ကစတော့ ရှန်းက အနည်းငယ်ရှက်သွားပြီး ငြင်းလိုက်မိ၏။
"အဲ့လိုမဟုတ်ပါဘူး... အစ်ကိုက အစားမမှန်တာသိလို့ အဏ္ဏဝါနဲ့ထည့်ပေးလိုက်တာကြောင့်ပါ""ဘာပဲဖြစ်ဖြစ် အန်တီနှင်းက အစ်ကိုရှန်းကိုတအားချစ်တာနော်... ဂရုလည်းစိုက်တယ်"
"ဒါနဲ့ညီလေးလင်းသန့်... အဏ္ဏဝါ အခုတလောဘယ်ကိုသွားနေလဲသိလား"
"ဟီလာကွန်ဒိုကိုလေ... အယ်"
လွှတ်ကနဲပြောမိပြီးမှ အင်တင်တင်ဖြစ်သွားသည့်ကြည်လင်းသန့်ကြောင့် ရှန်းကသေသေချာချာသိလိုက်ပြီ။
သူ့ကိုမသိစေချင်သည့်ကိစ္စကိုဖုံးထားသူက အဏ္ဏဝါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ။ဒီတော့ရှန်းက ကြည်လင်းသန့်ကိုအပြုံးလေးနဲ့ကျေးဇူးတင်လိုက်ပြီး အဏ္ဏဝါကိုအမိဖမ်းဖို့ ခပ်သွက်သွက်ထသွားပါလေသည်။
KAMU SEDANG MEMBACA
"My Only One" ✔️
Romansaမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...