Don't Forget Yourself

18.5K 160 17
                                    

မနက်၏ အလင်းရောင်ကမှန်ပြတင်းမှတစ်ဆင့်ဝင်ရောက်လာချိန် Maple မျက်လုံးများဖွင့်ကြည့်လိုက်တော့ အပြင်မှာမိုးလင်းနေပြီဖြစ်သည်။ မျက်လုံးပြန်မှိတ်ပြီးစောင်ပုံထဲသို့ပြန်ဝင်လိုက်ချိန်မှာပင် ဖုန်းမှ Alarm မြည်သံကထွက်ပေါ်လာသည်မို့ ထထိုင်လိုက်ကာ alarm ပိတ်ပြီး ‌အိပ်ယာဘေးတွင်အသင့်ထားထားသော ရေဘူးထဲမှ ရေသောက်လိုက်လေ၏။ ရေသောက်ပြီးမျက်စိနည်းနည်းကျယ်လာချိန်တွင် Mobile data ဖွင့်ကာ အကို့ထံစာပို့လိုက်လေသည်။

*Morning ပါ အကို Maple အိပ်ယာနိုးပါပြီ*

ထို့နောက်မျက်လုံးများမှိတ်ကာစိတ်ထဲမှ
'Maple ကို အကိုပိုင်ပါတယ်'ဟု 10 ကြိမ်ရွတ်ပြီးနောက်

*Maple ကို အကိုပိုင်ပါတယ်ဆိုတာ 10 ခါရွတ်ပြီးပါပြီ*

messenge နှင့်အတူ Selfie ပုံတစ်ပုံကိုထပ်ပို့လိုက်လေ၏။
ဒါတွေက Maple အကိုနဲ့ စတွေ့ပြီးနောက်ပိုင်း မနက်တိုင်းလုပ်နေကြအလုပ်တွေဖြစ်၏။ တစ်ရက်မှမပျက်ဖူးသလို ပျက်လဲ မပျက်ကွက်ရဲပေ။

မနက် 7 နာရီသာ ရှိသေးသည်မို့ အိပ်ယာထဲမှမထွက်သေးပဲ အကိုနှင့်အရင်ရက်ကပြောထားသည့် Conversations များအားပြန်ဖတ်ကြည့်နေလေ၏။

*မနက်ဖြန် ကို ဝယ်ပေးထားတဲ့Maid Dress မီးပူတိုက်ပြီးယူလာခဲ့*
*Hair brush ရှိရင်လည်း ထည့်လာခဲ့*
*မှတ်ပုံတင် လဲ မမေ့ခဲ့နဲ့*

Maple အကိုမှာထားတာတွေကို ညကတည်းကထည့်ထားပြီးပြီမို့ Conversations များအားဆက်ကာ ဖတ်နေရင်း တစ်နေရာအရောက် လက်ကလဲရပ်သွားကာ ခန္ဓာကိုယ်လေးလဲ တောင့်ခနဲဖြစ်သွားလေ၏။

*နောက်အရေးကြီးဆုံးက မနက်ဖြန် တွေ့တာနဲ့ မင်းက Slave ပဲ
ဘဝမေ့မလာနဲ့
Maple ကို ငါမခေါ်ဘူး
ငါ့ခွေးမကို ခေါ်မှာ*

*စောက်ချိုးမပြေတဲ့ ခွေးမကို စောက်ချိုးပြေအောင် အပြစ်ပေးမှာ*

*ငါခွင့်မပြုမချင်း Maple ဆိုတဲ့ ငါ့ Gf ပေါ်မလာရဘူး
ငါခွင့်မပြုမချင်း ငါ့ကို bf လို လာမလုပ်ရဘူး*

Maple ပြန်ဖတ်နေရင်း အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်ကာ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကိစ္စများက ခေါင်းထဲပြန်ရောက်လာ၏။ အကို ဒေါသထွက်ရတဲ့ အကြောင်းအရင်း ဖြစ်သလို တစ်နည်းပြောရလျှင် ‌Maple လုပ်မိတဲ့ အမှားအကြောင်းကိုလဲ တွေးမိသွားသည်။
အကြောင်းအရင်းက Maple က Ygn မှာ တစ်ယောက်ထဲ နေသူမို့ သူမ၏ သူငယ်ချင်းနှစ်ယောက်က အကူညီတောင်းလာသည့် ကိစ္စဖြစ်သည်။ သူမ၏ သူငယ်ချင်း Couple ထဲမှာ Boyfriend က Ygn တွင် သင်တန်းတစ်ခု 2 ပတ်ခန့်တက်ရမည်မို့ နေစရာ ရှာပေးရန် အကူညီတောင်းထားခြင်းဖြစ်ပြီး၊ စုံတွဲနှစ်ယောက်စလုံးက သူမ၏ သူငယ်ချင်းတွေမိုလို့ Maple အနေနှင့်လည်း စုံစမ်းပေးသော်လည်း 2 ပတ်တည်းနေဖို့ကို သူမလည်းစုံစမ်းမရခဲ့ပေ။ နောက်ဆုံးတွင် တစ်ဖက်က ထပ်ပြီးပြောလာသည်က ထိုနှစ်ပတ်ခန့်ကို Maple အိမ်‌နေလို့ ရမလားဟု ကောင်လေးဘက်က စ နောက်လာခြင်းဖြစ်လေသည်။ အတည်လား စ တာလား မသိပေမယ့် Maple ကလည်း ရုတ်တရက်မို့
* နင့် ရည်းစားကို အရင်ခွင့်တောင်းလေ*
ဟု ပြန်၍ စ နောက်လိုက်ပြီး သူ‌မကိုယ်တိုင်လဲ သတိမထားမိပဲ မေ့သွားမိ၏။
နောက်ရက်တွင် အကိုနှင့် ညဘက် Beer date ပြီး အကိုက အိမ်ရှေ့အထိပြန်လိုက်ပို့လေ၏။ အိမ်ရောက်တော့မှ ‌Maple ထိုနှစ်ယောက်နှင့်ပြောထားသည့်ကိစ္စအား သတိရကာ အကို့အားထိုအကြောင်းပြောပြမိလေ၏။ ပိုဆိုးသည်က စာပို့ထားပြီး သူမ အိပ်ပျော်သွားလေတော့သည်။

BDSM one shortWhere stories live. Discover now