Extra 5

16K 854 9
                                    

Unicode

"အငယ် သားတို့ကိုဒီအတိုင်းကြီးထား,ထားတာလား"

"ဟုတ်တယ် သူတို့ကဖင်ပြောင်နေချင်တယ်ဆိုလို့"

ကလေးနှစ်ယောက်ကို မွေးပွကော်ဇောပေါ် ကိုယ်လုံးတီးလေးတွေတင်တားဖြစ်သည်။ သား‌နှစ်ယောက်ကပက်လက်လေးတွေနဲ့ လက်တွေခြေတွေ လေပေါ်ကိုမြှောက်ကာ ကားယားကားယားနှင့်။ အငယ့်ကြည့်တော့ သားတို့အဝတ်လေးတွေကို လျှော်ဖို့ခွဲထည့်နေ၏။ သူ့မှာလဲ အလုပ်ကိုတစ်ခါတစ်ခါပြန်သွားနေရတာဖြစ်သည်။ ခဏသွားပြီးပြန်လာတာနဲ့ မြင်လိုက်ရတာက အပေအတေသားအဖသုံးယောက်နေပုံထိုင်ပုံပါပဲ။

"Baby စိတ်မပူနဲ့ ချွတ်လိုက်တာ တစ်မိနစ်လောက်ပဲရှိသေးတယ်"

စိတ်ပူပြီးပြာယာခက်စွာ အဝတ်ဝတ်ပေးဖို့လုပ်နေတဲ့သူ့ကို အငယ်ကသတိပေးသည်။ သားနှစ်ယောက်ကို ဆင်တူ ဝတ်ရလွယ်တဲ့တီရှပ်လက်ပြတ်လေးနဲ့ဘောင်းဘီသားရေကြိုးပျော့လေးဝတ်ပေးလိုက်ကာ သူနှစ်ယောက်စလုံးကိုကောက်ချီလိုက်သည်။

"အငယ် သူတို့ကိုနို့တိုက်ပြီးပြီလား"

"တိုက်မှာ တိုင်းဘေးမှာဖျော်ထားပြီးသား အအေးခံနေတာ"

"အင်း ကိုယ်တိုက်လိုက်မယ်နော်"

"အင်း တိုက်လိုက်"

နို့ဘူပါးစပ်ထဲထည့်ပေးတော့ သားနှစ်ယောက်ကတပြွတ်ပြွတ်နဲ့စုပ်တော့သည်။ ဒါကသူတို့နို့ဆာနေတာကိုပြနေတာပင်။ နို့ဆာနေတာကိုတောင်ငိုကာအသိမပေးတဲ့သားနှစ်ယောက်ကလဲ တကယ်ကိုအပေအတေလေးတွေပင်။ နို့သောက်နေရင်း သူ့ဖေဖေအခန်းထဲမှာပစ္စည်းတွေကောက်ကာလိုက်သိမ်းနေတာကို လိုက်ကြည့်နေ၏။

"အငယ် လေ့ကျင့်ခန်းတွေ ခိုးလုပ်နေတာလား"

"အိပ်ထမတင်လောက်ပါ"

"အငယ် အရမ်းမလုပ်နဲ့နော်"

"မလုပ်ပါဘူး နည်းနည်းဆီပြန်လေ့ကျင်နေရတာပေါ့"

"ကိုယ်တောင်မလုပ်သေးတာကိုကွာ"

"အော် တူမလား တိုင်းရဲ့ဗိုက်ကအရင်ထဲကကျစ်လစ်နေတာလေ၊ တိုင်းကခဏပြန်လုပ်လိုက်တာနဲ့ ပြန်ကျစ်မှာ ကျွန်တော်ကခဏနဲ့ပြန်တက်လာမှာမဟုတ်ဘူး"

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now