မိန်လီလီတစ်ယောက် လေဆိပ်ကိုရောက်လို့ ကားငှားနေသည်။သူမသား ရှောင်းကျန့်ကို ဘာလို့မခေါ်တာလဲဆိုတော့ သူမက ရန်ကျိုးမင်ကိုအရင်သွားတွေ့မလို့ဖြစ်သည်။သူမ ကားငှားနေတုန်း လူတစ်ယောက်က အနားကပ်လာတဲ့တစ်ခဏမှာ မိန်လီလီတစ်ယောက်လဲကျသွားလေသည်။
ဒီနေ့ကတော့ ၀မ်ရိပေါ်အားလပ်ရက်ပင်။ခါတိုင်းလဲ အားပေမယ့် ဒီနေ့ကတော့ တရား၀င်နားရက်ဖြစ်သည်။ဘာကြောင့်ဆို ရုံးဖွင့်ရင် ရှောင်းကသူ့ကို ဟိုဟာလေးလုပ်ဦး ဒီဟာလေးလုပ်လိုက်ပါဦးဆိုပြီး ခိုင်းနေတာ။အခုတော့ ၀မ်ရိပေါ်က ခြံထဲမှာရှိတဲ့ ဒန်းလေးပေါ်မှာ ထိုင်နေတာဖြစ်သည်။တစ်ချက်တစ်ချက် ဒန်းကို ခြေထောက်လေးနဲ့ ထောက်ပြီး လွှဲလိုက်သေးသည်။ထိုအချိန်မှာ ရှောင်းကျန့်ကရောက်လာပြီး လက်နဲ့ ဒန်းကိုရပ်အောင်လုပ်လိုက်ပြီး ဘေးမှာ၀င်ထိုင်လေသည်။
"လူဆိုးလေး ဒီမှာလာနှပ်နေတယ်ပေါ့"
"ဒါပေါ့ ခါတိုင်းဆိုရင် စာရင်းတွေစစ်နေရတာကို"
"အင် စိတ်မ၀င်စားဘူးလား စီးပွားရေးကို"
"အွန်း"
"ဒါဆို ဘာလို့ စီးပွားရေးကို ယူရတာလဲ"
"အင်းးးး ပြောရရင်တော့ အဘိုးကြောင့်လေ အဘိုးက ကျွန်တော့်ကို သူပိုင်တဲ့အရာတွေလွှဲပေးခဲ့တာ ပြီးတော့ အဲဒါတွေက အဘိုးကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ အောင်မြင်လာအောင်လုပ်ခဲ့တာတွေချည်းပဲ ဒါကြောင့် ကျွန်တော့်လက်ထဲမှာဒါတွေကို ပိုပြီး အောင်မြင်အောင်လုပ်ချင်တာ
ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး ဖြစ်နေတယ်""ဒါဆို ရိပေါ်တကယ်ဝါသနာပါတာဘာလဲ"
"အက,ကတာ ပြီးတော့ စကိတ်စီးတာ"
"..........."
"ကိုယ်ကိုကိုယ်တိုင်အကသင်ပြီး သူများတွေကိုပြန်သင်ပေးမယ် အကသင်တန်းကျောင်းလေးဖွင့်မယ် သင်တန်းပြီးတဲ့အချိန်ကြရင် စကိတ်လျှောက်စီးမယ်"
"ဒါပဲလား"
"အင်းး ပြောရရင် တစ်ခုတော့ ကျန်သေးတယ်"