Zawgyi
"ရက်နှစ်ဆယ်လိုသေးတယ်၊
ခွေးကောင်ရေ အသိစိတ်ကိုထိန်းစမ်း!"မြသဝဏ်တို့က အဏ္ဏဝါနဲ့ရှန်းကို ဂုဏ်ပြုစကားပြောကြပြီး၊ အမှတ်တရ ဓာတ်ပုံစုရိုက်ကြပြီးနောက်တော့ အသီးသီးပြန်သွားကြလေသည်။
မပြန်ခင် မြသဝဏ်ကတော့ ရှန်းကိုတစ်ချက်ဆူခဲ့သေးသည်။
နန်းမဒီစိုးတို့ညီမတွေကတော့ ဘာမှမပြောပေမယ့် မျက်ရည်တော့ဝဲနေကြဆဲ။
ဟိုသုံးယောက်ကတော့ ထုံးစံအတိုင်း တစ်မျိုးစီအရွှန်းဖောက်ခဲ့ကြသေးသည်။ လက်ဖွဲ့ဖို့ပါပြင်ရတော့မယ်လို့ဆိုတော့ သူရိန်ထူးက "နောက်ခန်းကျယ်တဲ့မော်ဒယ်ထဲက အကောင်းဆုံးတစ်စီးကို ရွေးထားပေးမယ် ဟေ့ကောင်"ဟူ၍ အဏ္ဏဝါကို ပြောပြီး နှစ်ယောက်သားပြုံးစစ။ ရှန်းကတော့ နားမလည်တလည်နဲ့ပဲ အားနာမိသေးသည်။နောက်တော့ အဏ္ဏဝါက ဆင်ထားသည့်ပစ္စည်းတွေကိုသိမ်းဆည်းဖို့ ဝန်ထမ်းတွေကိုမှာကြားပြီးနောက် ရှန်းနဲ့အတူပြန်ဆင်းလာလိုက်ကြ၏။
ရှန်းကတော့ တစ်ဖက်ကပန်းစည်းအကြီးကြီးကိုပိုက်ထားရင်း အဏ္ဏဝါ့လက်ကိုမြဲမြဲတွဲထား၏။ သူ့ရင်ခုန်သံလေးဟာလည်း အခုထိမငြိမ်သက်သေးပေ။ ဒီညရဲ့ဖြစ်ရပ်တွေက မမျှော်လင့်ထားဘဲ အကုန်လုံး အံ့အားသင့်စရာတွေချည်းပဲ။ အထူးသဖြင့် အဏ္ဏဝါသူ့ကို လက်ထပ်ခွင့်တောင်းခဲ့သည့်ကိစ္စ။ဒါပေမယ့် သူ့ထင်ယောင်ထင်မှားဖြစ်မှုကို ဆန့်ကျင်ပြီးအတည်ပြုပေးနေသည့်သက်သေလေးက သူ့လက်သန်းကြွယ်မှာ။
သူ့လက်သွယ်သွယ်လေးနဲ့ကွက်တိကျနေသည့်စိန်တစ်ပွင့်နဲ့လက်စွပ်လေးကို ရှန်းက သဘောတကျလေးကြည့်နေတာကိုတွေ့တော့ အဏ္ဏဝါက ရှန်းရဲ့လက်လေးကိုဆွဲယူကာ ထိုလက်စွပ်လေးပေါ်ကို တယုတယနမ်းလိုက်၏။
"သဘောကျလား"
ရှန်းရဲ့ဆတ်ကနဲခေါင်းညိတ်ပုံက တွေဝေခြင်းမရှိ။
သူ့ရဲ့ဝင်းပပအပြုံးဟာလည်း ဟန်ဆောင်ထားခြင်းမဟုတ်။"ငါအရမ်းသဘောကျတယ်... ကွင်းလေးအထဲဘက်မှာ ငါတို့နာမည်ကိုသေးသေးလေးရေးထားတာကိုလည်း သဘောကျတယ်"

أنت تقرأ
"My Only One" ✔️
عاطفيةမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...