Unicode
အရှင်မင်းမြတ် ဝမ်ရိပေါ် ရဲ့အသက် ၂၁ နှစ် ပြည့်လို့ နန်းသက် ၅ နှစ် ရှိပြီ ဖြစ်သည်။
နန်းတွင်းညီလာခံတွင် အရှင်မင်းမြတ်ကို မိဖုရားရွေးချယ်တင်မြှောက်ဖို့ အမတ်တွေက အရေးဆိုနေကြသည်။ ဒီလိုအရေးဆိုနေကြတာ လွန်ခဲ့တဲ့ နှစ်တွေကတည်းကဖြစ်သည်။ ရိပေါ်သည် အင်ပါယာချဲ့ထွင်နေတဲ့ တိုက်ပွဲတွေအကြောင်းပြပြီး အချိန်ဆွဲရှောင်လွှဲခဲ့သည်။
"အရှင်မင်းကြီး.... ပြည်သူပြည်သားတွေအတွက် မိခင်တစ်ယောက်လို မေတ္တာတွေပေးမယ့် မိဖုရားခေါင်ကြီး လိုအပ်ပါတယ်..."
"အရှင်မင်းကြီး ... အလေးအနက်ထား စဉ်းစားပေးတော်မူပါ..."
ကြမ်းပြင်ထဲ ခေါင်းတွေမြှုပ်ဝင်မတတ် ပျပျဝပ် ခယ တောင်းဆိုနေကြတဲ့ အမတ်တွေကိုကြည့်ပြီး ရိပေါ်မှာ အတော် စိတ်ရှုပ်နေလေပြီ။
မိဖုရားက ဘာလုပ်ရမည်နည်း။ ဘာအတွက် လိုအပ်ရပါသနည်း။ ပြည်သူတွေ လိုအပ်တဲ့အရာတွေအားလုံး သူ ဖြည့်ဆည်းပေးနိုင်သည်။
"အရှင်မင်းကြီး... မိဖုရားတင်မြှောက်ဖို့ အဖွဲ့ ဖွဲ့ပြီး စနစ်တကျ ရွေးချယ်တင်မြှောက်ဖို့ အကြံပြုလျှောက်ထားပါရစေ."
အကြံပေးအမတ်ကြီးစွန်း၏ လျှောက်တင်စကားကို သူ လက်ခံလိုက်သည်။
"ကောင်းပြီ အမတ်ကြီးစွန်း။ ဒီကိစ္စကို အမတ်ကြီးပဲ ဦးဆောင်ပြီး စီစဉ်လိုက်ကြပါ."
"မှန်လှပါ အရှင်မင်းကြီး..."
မိဖုရားအရေးကိစ္စပြီးသည်နှင့် မင်ဟန်းနယ်မှာ ရေကြီး၍ ပြည်သူတွေ ဒုက္ခရောက်နေသည်ကို အစားအစာ၊ အဝတ်အစား၊ နေစရာတွေ စီစဉ်ထားသည့်အကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပေးမည့် အစီအစဉ်တွေကို စီမံရေးရာအမတ်က လျှောက်ထားသည်။
နောက်ထပ် မင်နိုင်ငံနှင့် ချစ်ကြည်ရေးအနေဖြင့် ပညာတော်သင်လူငယ်တွေ ဖလှယ်စေလွှတ်ရန် ညွှန်ကြားပြီး ညီလာခံကို ရုတ်သိမ်းလိုက်သည်။ ညီလာခံအပိတ်မှာတောင် မိဖုရားရွေးချယ်ဖို့ကို အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း အမတ်တွေက ရအောင် လျှောက်ထားလိုက်ကြသေးသည်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanfictionUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401