Note:
အကယ်၍ စာလုံးပေါင်းသတ်ပုံမှားခဲ့သည်ရှိသော် ပြင်ဖတ်ပေးကြပါရှင်။
乁| ・ 〰 ・ |ㄏ
______________________________________
꧁꧁ 𝚂𝚑𝚒 𝚉𝚞𝚗 ꧂꧂
__________________________________
ဟန်တိုင်းပြည်အတွင်း လူတိုင်းပါးစပ်ဖျားမှာ နေရာယူထားတဲ့သတင်းတစ်ခုရှိတယ်။ တကယ်ကို ထူးဆန်းလွန်းလို့ အကုန်လုံးက ပြောမဆုံးဖြစ်နေရခြင်း။
အဲ့ဒီသတင်း၏အကြောင်းမှာ မြို့တော်ထဲမှ အဆိုးအပေ ဘွဲ့ကို ခံယူထားတဲ့ ပိုင်လီဟုန်ရိက နန်းတော်မှာ ပညာသင်ကြားရင်း ငါးလအကြာမှာပဲ ထိမ်းမြားမဂ်လာပွဲ ကျင်းပလိုက်ရခြင်း။
ပို၍ ထူးဆန်းသည်ကသူနှင့်ထိမ်းမြားသည့်သူမှာ တခြားတိုင်းပြည်မှ လာရောက်ပညာသင်ပေးနေသောဆရာဖြစ်သည့် ရှစ်စွမ်းဖြစ်နေခြင်းကြောင့်ပင်။
ယောင်္ကျားပျိုများဖြစ်သည့်အပြင် နှစ်ယောက်စလုံးမှာ "မတည့်ကြပေ။" ဟု သတင်းထွက်နေသည်မို့ ပို၍ လူပြောများနေကြခြင်းဖြစ်၏။
ပိုင်လူကြီးမင်းမှာ သားဖြစ်သူကြောင့် အလုပ်ရှုပ်ရချေပြန်၏။
လူပျိုဘဝမှာ ဒုက္ခပေးတာ အားမရလို့ လင်ယူပြီး ဒုက္ခပေးနေတာ..
ပိုင်လူကြီးမင်းအား သနားမိပါရဲ့..။
" သားလေး ဟိုရောက်ရင် လိမ်လိမ်မာမာနေနော် အရင်လိုမဆိုးရဘူး "
" ဟုတ်..ကဲ့.. "
မပြောချင်ပြောချင်သည့်လေသံနဲ့ ပိုင်လီကိုဖြင့် ဘယ်သူမှ မနိုင်တော့ပါ..၊
အဲ့.. ဟိုတစ်ယောက်ကလွဲရင်ပေါ့..။ပိုင်လူကြီးမင်းရင်ခွင်ထဲ တိုးဝင်နေတဲ့ ပိုင်လီလေးက ကလေးလေးသာသာလေးရယ်။
နှုတ်ဆက်လို့ပြီးတော့..လှည်းပေါ်တက်ပြီး ပိုင်အိမ်တော်ကို ကျောခိုင်းခဲ့ရတယ်။
လှည်းပေါ်ဝယ် နှစ်ယောက်သား ဘာစကားမှမဆိုမိကြချေ။အမှန်ပြောရရင် ပိုင်လီဟုန်ရိ ဒီလူကြီးကို ကြောက်တယ်။
ပထမဆုံးပတ်သက်မှုမှာတင် ဒီလူကြီးက သူလိုချင်တာကို ကြမ်းကြမ်းရမ်းရမ်းရယူသွားခဲ့တာချည်း။
YOU ARE READING
Shi Zun { 𝘖𝘯𝘦 𝘚𝘩𝘰𝘵}