VOL-1 Chapter 7

47 3 0
                                    

အပိုင်း [ ယင်းချူးမှယွင် ]

သူ့အား ပြုံးရယ်ပြနေသည့် ယွင်၏ မျက်တောင်ခပ်စိပ်စိပ်တို့ခြံရံထားသော မကျဉ်းမကျယ်မျက်အိမ်မှေးလေးထဲမှ အညိုဖျော့ဖျော့မျက်ဝန်လေးမှာ တောက်ပနေသည်။ တွေ့ဆုံစတင်ခဲ့သည့် ၁၁ နှစ်အရွယ်ကလေးပေါက်စလေး ကတည်းမှ ယခုအရွယ်အထိ ထိုကောင်လေးအပြုံးမှာ မပြောင်းမလဲပဲ ယခင်အတိုင်း ဖြူစင်နေမြဲ၊ ငေးမော တွေဝေချင်စရာ ဖြစ်နေစဲပင်။

သို့သော်လည်း ဤနေရာသည် ယင်းဟွားဆန်းဖြစ်သောကြောင့် သူ၏အတွေးတို့ကို ချက်ချင်းရုပ်သိမ်းလိုက်လေသည်။

"မင်း လူမှားနေပြီ..ငါက မင်းရဲ့ အကိုလင်ရှီး မဟုတ်ဘူး"

သူ၏စကားအဆုံး တောက်ပစွာ ပြုံးရယ်နေပါသော ယွင်၏ အပြုံးတို့သည် ချက်ချင်းရပ်တန့်သွားကာ သူ့အား မယုံကြည်နိုင်ဖွယ် ခေါင်းလေးတစ်ဖက်စောင်းလျက် မျက်လွှာတစ်ချက် ဝင့်တက်ကြည့်ပြီးနောက် ပြန်ပြောပါ၏။

"ဟင့်အင်း..ကျွန်တော်ခင်ဗျားကို မှတ်မိပါတယ် အကိုလင်ရှီး..ကျွန်တော် လူမမှားပါဘူး"

"လူသူမရှား၊ နာမည်တူမရှား ဆိုတဲ့ စကားပုံဟာ အလကားသက်သက် ပေါ်ပေါက်လာတာမဟုတ်ဘူး..သေချာတာတော့ ငါတို့အရင်က မတွေ့ဖူးခဲ့ဘူး"

သူ၏ မျက်လုံးရှေ့မှ အရှင်ဇီလင် ၏ အရယ်အပြုံးကင်းပြီး တည်ငြိမ်အေးချမ်းသော မျက်နှာထားနှင့် ကြည်လင်သောအသံမှာ သူအရင်ကသိခဲ့ဖူးသော အကိုလင်ရှီးနှင့်ထပ်တူပင်။ စေ့စပ်သေချာစွာ မည်သို့ကြည့်စေမူ၊ အကိုလင်ရှီးမှ အကိုလင်ရှီးပင်။ အဘယ်ကြောင့် လူမှားရမည်နည်း။

ယွင် ကိုယ့်နားစည်ထဲဝင်ရောက်လာသော ကြားနေရသည်တို့ကို မယုံနိုင်တော့ပေ။ ဘာပြန်ပြောရမှန်းမသိတော့သဖြင့် စဉ်းစားနေချိန်မှာပဲ အရှင်ဇီလင်က ထပ်ပြောပြန်၏။

"မနက်ဖြန်မှာ ကျင့်ကြံခြင်းလမ်းစဉ်အစ သင်ခန်းစာတွေ သင်ယူရတော့မှာကို အိပ်ဆောင်ကိုပြန်ပြီး စောစောစီးစီးကြိုတင်အနားယူသင့်တယ်..ယွင်"

မျက်စိရှေ့မှ လှည့်ထွက်သွားသော ခန့်ညားလှသည့် မိုးပြာရောင်ဝတ်ရုံတလွင့်လွင့်နှင့် အရှင်ဇီလင်၏ကျောပြင်ခပ်ဝေးဝေးသို့ရောက်ပြီး သေးငယ်ပျောက်ကွယ်သွားသည်အထိ လသာဆောင်အပြင်ဘက် ထိုနေရာတွင်သာ အချိန်အတော်ကြာသည်အထိ ကြောင်အစွာ ရပ်နေမိတော့လေသည်။

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

YUN : A tale of YingHua Mountain Where stories live. Discover now