အပိုင်းနှစ်

3.7K 255 12
                                    

I 'd spend ten thousand hours and ten thousand more!!!!!!!!

စာကြည့်ခုံပေါ်က ဖုန်းမြည်သံကြောင့်jeon ခေါင်းသုတ်နေရင်းကနေ စားပွဲဆီလျှောက်လာခဲ့တယ်။စောစောစီးစီးဆက်တယ်ဆိုတော့ အိမ်ကဘဲနေမှာပေါ့။သေချာတာပေါ့ မေမေ ဆက်တာ

*ဟယ် လို မေမေ*

*သား ။နိုးနေပြီလား*

*နိုးနေပြီ မေမေ။ကျောင်းမသွားခင်လေး စာလေးဖတ်ချင်လို့ စောစောနိုးနေတာ*

*မျက်လုံးတွေ အညောင်းမိနေပါအူးမယ်။သားရယ်။နားနားနေနေလုပ်ပါ*

*ဟုတ်ကဲ့ပါ မေမေ။ဒါနဲ့ ဘာလို့ ဆက်တာလဲ*

*သတိရလို့ပေါ့။သားကမဆက်တော့ ဒီအမေကဘဲဆက်ရတာပေါ့*

*သားလည်း ကျောင်းမှာဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ။အားရင် ဆက်မလို့ပါဘဲ*

*ဘယ်လိုလဲ။အရင်ကျောင်းတွေလိူဘဲလား*

*သူ့နေရာနဲ့သူ အဆိုးအကောင်းကဒွန်တွ‌ဲနေတာလေ မေမေ။ဆိူးတဲ့ ကလေးလည်းရှိသလို လိမ္မာတဲ့ ကလေးတွေလည်းရှိပါတယ်*

*အင်းပါ။သား ဝါသနာပါလို့သာ ဘာမှမပြောဘဲနေနေတာ။တကယ်လို့ အဆင်မပြေရင် ထွက်ခဲ့လိုက်နော်။သားအတွက်က ပူပင်စရာမလိုပါဘူး*

*ဟုတ်ကဲ့ပါ။သား နားလည်ပါတယ်။မေမေလည်း ကျန်းမာရေး ဂရုစိုက်နော်။ဖေဖေ့ကိုလည်း သားနောက်မှဖုန်းဆက်တော့မယ်*

*ကောင်းပါပီ ရှင့်။ပိတ်ရက်ကျ အိမ်လာခဲ့အူးနော်။မေ့နေမှာဆိုးလို့ လှမ်းပြောတာ။သား အကိုတွေလည်း ပိတ်ရက်မှလာကျလိမ့်မယ်။*

*ဟုတ်ကဲ့။ဒါဆို ဒါဘဲနော် မေမေ*

မိနစ်အချို့ထိဖုန်းပြောပြီးတော့ jeonခေါင်းလည်းခြောက်သွားတယ်။ကျောင်းမသွားခင် စာဖတ်နေကျဆိုတော့ မနက်လင်းရုံလေးဆိုတာနဲ့နိုးနေပြီ။ပြီးရင် ရေချိူး မနက်စာစားရင်း စာဖတ်ဖြစ်တယ်။internetသုံးပြီး စိတ်ရှုပ်ခံမယ့်အစား စိတ်အေးချမ်းတဲ့ စာကိုဘဲ ဖတ်လေ့ရှိတယ်။ဖုန်းတောင် မေမေတို့နဲ့ ဆက်သွယ်ရတာကြောင့် ကိုင်ဖ့စ်တာ။မဟုတ်ရင် ကိုင်မှာမဟုတ်ဘူး။

ညီအကိုသု‌ံးယောက်မှာ အကိူ နှစ်ယောက်က အိမ်ထောင်ကိုယ်စီနဲ့ ကလေး တယောက်စီနဲ့မို့ တအိမ်စီသာခွဲနေကြတယ်။အလုပ်ပိတ်ရက်မှ သာ မိသားစု ထမင်းဝိုင်းစားကြတယ်။jeonသည်လည်း အရင်ကတည်းက အိမ်မှာ နေရတာနည်းတယ်။ဆရာ စ လုပ်ကတည်းက တာဝန်ကျတာ နေရာကိူ ပြောင်းရွှေ့နေရတော့ အိမ်မှာ မေမေနဲ့ ဖေဖေသာ ကျန်တာကြောင့် တခါတလေ jeonကိူ အလုပ်ထွက်ဖို့ ထိ‌ပြောကြတယ်။အိမ်ထောင်ပြုပြီး အိမ်မှာဘဲ နေပါတော့လား ဆိုပြီး အရင်ကဆို ဖုန်းဆက်တိုင်း ပြောတယ်။။

Can take My Heart(Completed)Where stories live. Discover now