<Zawgyi/>
Jisoo က အပြင်မှာရောက်နေပြီဖြစ်ကြောင်း
Message ပို့၍ ခြံပြင်အမြန်ထွက်လာခဲ့သည် ။ တကယ်တမ်း ဒီအပတ်အတွင်း သူမက ကျောင်းကို တစ်ခါမှ မသွားခဲ့ ။ ဒီတစ်ခေါက်က Jisoo လိုက်ပို့မယ်ဆိုလို့သာ သူမ ကျောင်းသွားဖို့
တက်ကြွနေခြင်း ။ခြံရှေ့မှာ ရပ်ထားတယ့် Jisoo ရဲ့ ကားထဲ
ဝင်လိုက်သည် ။ ပြီးတော့ ဘေးနားက Jisoo ကို ကြည့်တော့ နည်းနည်းထူးခြားနေသယောင် style pant နှင့် အပေါ်က ရှပ်အကျီအဖြူနဲ့ တော်တော်လေးကို သပ်သပ်ရပ်ရပ် နိုင်နေသည် ။" အဝတ်အစားက ဘယ်လိုဖြစ်တာလဲ..."
" ဒီနေ့ ရှေ့နေရုံးချုပ်မှာ အလုပ်ဝင်ရမှာ..."
" Ohhh!!! တကယ်လား ။ ဘာလို့
Jane ကို မပြောတာလဲ Ji ရှေ့နေဖြစ်သွားတာကို "သူမ အံ့သြတကြီးပြောတော့ Jisoo က
ခပ်ဟဟရယ်သည် ။ သူမ ဆက်ပြီးစကားပြောဖို့
ပြင်တုန်းမှာပဲ ကားထဲ Jisoo ရဲ့ ဖုန်းမြည်သံဟာ ပျံ့နှံ့လာသည် ။ဘေးနားကမို့ ကြည့်လိုက်တော့ ' Young '
ဆိုတယ့် Contact name ။ သူမ မျက်ခုံးတွေ တွန့်ချိုးပြီး စိတ်ထဲလေးလံသွားသည် ။ သူမ
Jisoo ကို မြင်တိုင်း အဲ့မိန်းကလေးနဲ့ ပတ်သတ်မှုကို မတွေးမိတောင် မနည်းထိန်းထားရတာ ။Jisoo က ဖုန်းကိုယူရင်း သူမကို
ဆတ်ခနဲ ကြည့်လာသည် ။ Ruby အလိုမကျစွာ ပြတင်းပေါက်ပြင်ကို ငေးနေလိုက်မိသည် ။' Young ပြော...'
အသံက ချိုသာနေလိုက်တာ ၊ မုန်းချင်စရာကောင်းလောက်အောင် ။
' တိုက်ခန်းမှာ မရှိတော့ဘူး Young ရဲ့ ၊
soo အပြင်ရောက်လာပြီ '' အမ်...Ji အစောထွက်လာခဲ့လိုက်တာ ၊
မနက်စာကို အဆင်ပြေသလိုပဲ စားလိုက်တော့မယ် '' ဟုတ်ပြီ Young....၊ အဲ့ဆို ညကျရင် တွေ့မယ်နော် '
ညကျရင်...၊ အတွေးနဲ့တင် Ruby ရဲ့
ရင်ထဲ လေးလံလာရသည် ။ လက်သီးဆုပ်ထဲက
စကပ်စဟာ တွန့်ကြေနေပြီ ။ မျက်နှာထားကို အရင် ပြင်လိုက်ပြီးမှ Jisoo ဘက်ကို တစ်ချက်ကြည့်ရင်း..." အဲ့တာ ဘယ်သူလဲဟင် "
ဘေးနားက ထွက်လာတယ့်အသံကြောင့်
Jisoo လန့်သွားမိသည် ။ ဘာဖြေရမှန်းမသိ
ပါးစပ်ထဲ ကော်စေးထည့်ထားသလို ။ သတိလွတ်စွာပဲ သူ့အဖြေကို စောင့်နေတယ့်
Jane ကို ငေးနေရင်းမှ သတိဝင်ကာ ပြောဖို့ပြင်လိုက်သည် ။