📵
{This part contains adult sence.
So, please decide before read.}Zawgyi
"ကိုယ်၊ စိတ်၊ နှလုံး...
တစ်သားတစ်ကိုယ်တည်းဖြစ်အောင်
ချည်နှောင်ကြမယ်လေ ကိုယ့်အမျိုးသားလေး"အ
ချိန်ကျပြီဖြစ်တာကြောင့် ရှန်းက ဖခင်နေရာဝင်ပေးသည့်ဦးအောင်မြင်ရဲ့လက်ကိုချိတ်ရင်း တစ်ဖက်ကလည်းအဖြူရောင်နှင်းဆီပန်းစည်းလေးကိုကိုင်ရင်း လျှောက်လမ်းပေါ်စတင်လျှောက်လေတော့၏။
ရှန်း စထွက်လာတာကိုတွေ့တာနဲ့ အားလုံးရဲ့ခေါင်းတွေဟာ ခန်းမရဲ့အနောက်ဘက်ဆီကိုသာပြိုင်တူလှည့်သွားကြ၏။
လူအများကြီးရဲ့အပြုံးတွေ၊ အားကျသည့်အကြည့်တွေ၊ မှင်သက်နေသည့်မျက်နှာတွေကို လက်ခံလိုက်ရတာကြောင့် ရှန်းရဲ့မျက်နှာလေးဟာ အဝတ်စနီလွှမ်းလိုက်သလိုမျိုး ရဲတက်သွားပြီး နှုတ်ခမ်းလေးကလည်းပြုံးစိစိ။ဦးအောင်မြင်ကတော့ ပုံမှန်ခြေလှမ်းနဲ့ဂုဏ်ယူဝင့်ကြွားစွာ ရှန်းကိုတွဲခေါ်သွားလေ၏။
ရှန်းမှာ စိတ်လှုပ်ရှားလွန်းပြီး ခြေထောက်တွေတောင်အနည်းငယ်တုန်ယင်နေပေမယ့် ဦးအောင်မြင်က သူ့လက်ကိုဖွဖွပုတ်ပေးတာကြောင့် ရှန်းကအသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပြီးနောက်တော့ အနည်းငယ်တည်ငြိမ်သွား၏။ရှန်းတို့အနောက်က သူရိန်ထူးကလည်း သူ့အသည်းလေးရဲ့မျက်နှာလေးကိုလှည့်ကြည့်လိုက်၊ အပြုံးနဲ့လမ်းလျှောက်လိုက်ပင်။
သို့သော် သူ့အနောက်က အတွဲကတော့ တကျက်ကျက်နဲ့စကားနာထိုးနေခဲ့၏။
"ငါ့လက်ကို အရမ်းဆွဲမထားနဲ့လေကွာ"
"ဘယ်မှာဆွဲလို့လဲ... ခင်ဗျားပဲ တောင့်တောင့်ကြီးလုပ်နေလို့ကောင်းကောင်းလျှောက်မရတာ"
ရဲပတောင်းခတ်နေသည့်မျက်နှာနဲ့ကြည်လင်းသန့်ကတော့ သူ့လက်ကိုချိတ်ထားသည့်ကောင်လေးကို ကြည့်ရင်းမယုံနိုင်တွေဖြစ်လို့။
အခုထိလည်း မိန်းကလေးလား၊ ယောက်ျားလေးဟုတ်ရဲ့လားဆိုပြီးလည်းဝေခွဲနေတုန်းပင်။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...