Part 20 ( U+Z )

1.5K 110 11
                                    

ခုခေတ်မှာ ဒီလိုအချစ်မျိုးရှားသွားပြီတဲ့လား။
သူမရင်ထဲက သိထားနှင့်ပြီးသားအကြောင်း အရာတွေပါ။ရေမိုးချိုးအဝတ်အစားလဲပြီးထမင်းစားခန်းဆီသို့ ထွက်လာခဲ့ကြသည်။ သူက ထမင်းဟင်းတွေ အဆင်သင့်ပြင်ဆင်ထားပြီးပြီ။ အငွေ့တထောင်းထောင်းမွှေးမွှေးပျံ့ပျံ့။ ကြက်သားနှင့်ဘူးသီးကို ကာလသားချက်ကလေးချက်ထားကာ ငပိထောင်းစပ်စပ်ကလေးထောင်းလို့။ မှိုကန်စွန်းကြော်ရယ်၊ကြက်ရိုးဂွေးတောက်ဟင်းချိုရယ်။

'' ဟယ်...... ဟင်းတွေက စားချင်စဖွယ်ပါလား၊ နာမည်လေး ပြောထားဦးဟယ်၊ သူက မိတ်လည်းဆက်မပေးဘူး ''

'' ကျွန်တော် မိုးစက်ပိုင်ပါ အစ်မ ''

'' ဪ.....မိုးစက် က ဟင်းတွေချက်တတ်လှ ချည်လား၊ တော်လိုက်တာနော် ''

'' အထင် မကြီးပါနဲ့ဗျာ၊ဒီမှာ ချက်နည်းပြုတ်နည်းစာအုပ်ကြည့်ပြီးလက်တည့်စမ်းထားတာပါ ''

သူက စားပွဲပေါ်က ချက်နည်းပြုတ်နည်းစာအုပ်တွေ ထောင်ပြသည်။

'' စားကြနော်၊ အားပါးတရ စားပါ၊ကျွန်တော် အများကြီး ချက်ထားတယ် ''

ဆာ ဆာနှင့်သူမတို့သုံးယောက် အားပါးတရစားကြသည်။ စားလို့ကောင်းမှကောင်း။ သူ့လက်ရာတွေ သိသိသာသာ တိုးတက်လာတာကိုတော့ သတိထားမိသည်။ စာအုပ်တွေထဲက အတိုင်းချက်တယ်ထင်ပါရဲ့။

'' Myat.....Please think about what we have told you.... you should be grateful for her amazing love.....''

'' မြတ်    ငါတို့ပြောခဲ့တာကို ပြန်စဥ်းစားပါဟယ်၊ သူ့ရဲ့ အံ့သြစရာအချစ်အတွက် နင်ကျေးဇူးတင်သင့်တယ် ''

နွေးက စားသောက်ပြီးချိန်မှ သူမကိိုလှမ်းပြော လိုက်ခြင်းဖြစ်သည်။ သူက နွေးဘာပြောမှန်း နားမလည်သောကြောင့် မျက်နှာကွက်ခနဲ့ပျက်သွားတာကို သူမ အမှတ်တမဲ့ လှမ်းမြင်လိုက်ရပါသည်။

'' You know what! I couldn't escape from her trap ''

'' နင်သိလား၊ ငါသူ့ရဲ့ထောင်ချောက်ထဲကနေ ရုန်းမထွက်နိုင်ပါဘူး ''

တကယ်တော့သူမ ဝန်ခံလိုက်ခြင်းသာဖြစ်သည်။ သူဝုန်းခနဲ့ ထ ထွက်သွားခဲ့ပြီ။ အစော်ကားခံရပြန်ပြီဟု သူခံယူမှာမလွဲ။ ပန်းကန်တွေကို တိတ်တိတ်ဆိတ်ဆိတ် သိမ်းဆည်းကာမီးဖိုခန်းဘက်ဝင်သွား၏။

မရဲ့....မူပိုင်ရှင်Donde viven las historias. Descúbrelo ahora