WW II

1.8K 222 66
                                    

UNICODE

1945.. May 7.. Monday.. 16:20 PM

ဟစ်တလာ သေဆုံးသွားပြီ~

တစ်ပတ်အကြာမှာ ဂျာမနီတွေ ချွင်းချက်မရှိ လက်နက်ချသွားတဲ့အတွက် စစ်ကြီးပြီးဆုံးသွားပြီ~

နွေဦးမှာ ကမ္ဘာကြီးငြိမ်းချမ်းသွားပြီ~

ကျနော့်ရင်ထဲမှာတော့~

. . .

ဒုတိယကမ္ဘာစစ်ကြီးမတိုင်မှီ အစောပိုင်းကာလ..

လန်ဒန်တာဝါတံတားနားမှာရှိတဲ့ စာတိုက်ရုံးအောက်က ကာဖေးဆိုင်တွင် သူထိုင်နေတာ ခိုတစ်အုပ်နားစာလောက်ရှိပါပြီ..

မနက်က မေမေ နေသာလို့ဆိုပြီး စောင်တွေထုတ်လှမ်းနေခဲ့ပေမယ့် ခုချိန်မှာတော့ အစိုးမရတဲ့ ရာသီဥတုက ညို့မှိုင်းလို့နေပြန်ပြီ..

မှန်ပြတင်းပေါက်ကို ဂျစ်ကားသံကြားတိုင်း လှည့်လှည့်ကြည့်နေမိတာ ထိုလူကို အရမ်းမျှော်နေသလိုများ ဖြစ်နေပြီလား?..

အပူငွေ့အနည်းငယ်သာရှိတော့သည့် စိမ်းရွှေရွှေအနံ့နဲ့ကော်ဖီကို ဟန်ပြသောက်လိုက်ရင်း ဆိုင်တွင်းထဲသို့ တစ်ချက်အကဲခတ်လိုက်သည်..

စစ်တုရင်ကစားနေသော စားပွဲဝိုင်းတွင် ထိုင်နေသော စုံတွဲတစ်တွဲ..

မာဖလာခပ်ရွဲ့ရွဲ့နဲ့ စီးကရက်သောက်နေသော အမျိုးသားနဲ့ ထိုသူ၏ဘေးမှ အမျိုးသမီးဝတ်ထားသည့် Cape dress ဝတ်စုံကြောင့် သူကိုယ်သူ ပြန်ငုံ့ကြည့်မိသည်..

ကြင်ဖက်လာတွေ့သည်ကို ဝတ်လာတဲ့သူရဲ့ဝတ်စုံက အရမ်းကို ရိုးလွန်းနေပြီနဲ့တူပါရဲ့..

ဘေးဘက်ဝိုင်းက ဘတ်မင်တန်အကြောင်း တစ်ခစ်ခစ်နဲ့ ဆွေးနွေးနေကြသော မိန်းကလေးအုပ်စုကို အကြည့်ရောက်မိပြန်တော့ ကိုယ်လည်း သူတို့လို ဌက်မွှေးပါတဲ့ ဦးထုပ်ဆောင်းခဲ့ရမှာကို သတိရသွားသည်..

တကယ် သူဝတ်လာတာက ကော်လံကြီးကြီးပါသော ဂျင်းအပေါ်ကုတ်ဖြစ်နေသည်..

ဇာအနားကွတ်ပါသည့် လှအိတ်လှလှလည်း ဝတ်မလာခဲ့ဘူး.. အမွှေးအိတ်လည်း ဆောင်မလာခဲ့ရဘူး..

You've reached the end of published parts.

⏰ Last updated: Dec 06, 2022 ⏰

Add this story to your Library to get notified about new parts!

WW IIWhere stories live. Discover now