Zawgyi
"First Day of Marriage Life"
နိုးနေကျအချိန်ထက်ပိုအိပ်မိသွားသည့်ရှန်းဟာ မျက်လုံးအစုံပွင့်လာချိန်မှာတော့ နှင်းကွဲပြီးနေမြင့်နေပြီဖြစ်၏။
အနည်းငယ်ဝေဝါးနေသည့်မျက်လုံးကို တစ်ချက်နှစ်ချက်ပွတ်ပြီးနောက်တော့ သဲသဲကွဲကွဲမြင်လိုက်ရသည်က အဏ္ဏဝါရဲ့အပြုံးမျက်နှာ။
ပြီးတော့ သူက အဏ္ဏဝါရဲ့လက်မောင်းပေါ်မှာခေါင်းအုံးထားတာဖြစ်ပြီး ကျောပြင်နဲ့ခါးမှာလည်း အဏ္ဏဝါရဲ့လက်တွေက နွေးထွေးစွာပွေ့ဖက်ထားလျက်ရှိသည်။"ဂွတ်မောနင်း ကိုယ့်ယောက်ျားလေး"
နှုတ်လည်းနှုတ်ဆက်၊ မနက်ခင်းအနမ်းလေးဟာလည်း နဖူးပြင်ပေါ်ဖွဖွကျရောက်လာပေမယ့် ရှန်းက အိပ်မက်ထဲကနေမနိုးနိုင်သေးသလို ငြိမ်နေပြီး အဏ္ဏဝါကို အတွေးများနေသည့်မျက်လုံးလေးတွေနဲ့ကြည့်နေသည်။
မျက်ခုံးလေးကိုလည်းအနည်းငယ်တွန့်ထားပြီး မျက်တောင်ကိုလည်း ပုံမှန်ခတ်လျက်။မှတ်ဥာဏ်တွေကိုပြန်ခေါ်နေသည့်အလား အဏ္ဏဝါရဲ့အပြုံးမျက်နှာကိုကြည့်လိုက်၊ အဝတ်မဲ့နေတာကြောင့် ထင်းနေသည့်အဏ္ဏဝါရဲ့ပခုံးပေါ်က သွားရာတွေနဲ့လက်မောင်းက ကုတ်ခြစ်ရာတွေကိုကြည့်လိုက် လုပ်နေပြီး ခြေရင်းဘက်ကို ခေါင်းထောင်ကြည့်လိုက်ပြီးနောက်တော့ ဆတ်ကနဲအဏ္ဏဝါကို ပြန်မော့ကြည့်လာလေသည်။
ထို့နောက်တော့ နီရဲလာသည့်ပါးတွေ၊ နားတွေနဲ့ရှန်းက နှုတ်ခမ်းလေးကလည်းမဲ့လာပြီး မျက်ရည်ဥတွေ တွဲခိုလာပါတော့သည်။အဏ္ဏဝါက စိတ်ပူသွားပြီး မျက်နှာလေးကိုအုပ်ကိုင်လိုက်ကာ
"ရှန်းလေး... အရမ်းနာနေသေးလို့လား... ဘယ်နားအဆင်မပြေလို့လဲ"
မေးခွန်းအဆုံးမှာတော့ အဏ္ဏဝါရဲ့ရင်ဘက်ဟာ စိတ်ဆိုးဆိုးနဲ့ရိုက်တာကို တစ်ချက်ခံယူလိုက်ရလေသည်။
မပြောမဆိုနဲ့နိုးနိုးချင်း တစ်ချက်ရိုက်တာက ဘာကြောင့်လဲဆိုတာကိုသိသွားချိန်မှာတော့ အဏ္ဏဝါက ကြည်ကြည်နူးနူးပြုံးလိုက်မိပြီး ရှန်းကို တိုးဖက်ထားလိုက်မိလေတော့၏။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...