“ဟယ် ဒါတော့ သားငယ်မှားတာပေါ့ ဘာလို့ အဲ့လိုကြီး လုပ်ခဲ့တာလဲ ကလေးလေးရဲ့ ဟင် ထ ထ မေမေ ပြန်ပို့ပေးမယ် ”
“ဟင့်အင်း မပြန်ဘူး အဲ့မှာ ကိုကိုကလွဲပြီး ကျွန်တော့်ကို ဘယ်သူကမှမချစ်ကြဘူး ကိုကို့မေမေဆို ကျွန်တော့်ကိုဆူပဲဆူနေတာ”
“သားငယ်! မင်း ဘယ်အချိန်ထိ ကလေးလိုလုပ်နေမှာလဲ ဟင် အခုဖြစ်လာတဲ့ကိစ္စသာ ဟီဆွန်းလေး သိသွားရင် ဘယ်လောက်စိတ်မကောင်းဖြစ်သွားရှာမလဲ ”
“ကျွန်တော်လည်း စိတ်မကောင်းဖြစ်တာပဲကို... ကိုကို့မေမေက ကျွန်တော့်ကိုဆို နည်းနည်းလေးတောင် မေတ္တာမရှိဘူး ဘယ်လောက်ပဲ ကြိုးစားပြီး အကောင်းမြင်အောင် လုပ်လုပ် ကျွန်တော့်ကိုဆို အမြဲအပြစ်ပဲမြင်တယ် ”
“...”
“အခုလည်း ကျွန်တော်မှားတာမဟုတ်ပဲနဲ့... အဲ့ကလေးလေးက အရင် ကျွန်တော်တို့အခန်းထဲ၀င်ပြီး ပစ္စည်းတွေလျှောက်ကိုင်နေလို့ နည်းနည်းလေးပဲ ဆူမိလိုက်တာကို ကိုကို့မေမေက အဲ့ကလေးလေးကျ ဘာမှမပြောပဲ ကျွန်တော့်ကျ...”
“ဆောဂျွန်းလေးက မြေးဦးလေးလေကွယ် သားငယ်ကို အငယ်ဆုံးလေးဆိုပြီး မေမေတို့က အလိုလိုက် ချစ်သလို ဆောဂျွန်းလေးကိုလည်း အဲ့ဘက်မိသားစုက ချစ်ကြမှာပေါ့ တစ်ခါတစ်လေ အိမ်လည်လာတာကို သားငယ်ကအခုလိုဆူလိုက်တော့”
“သားမမှားဘူး မေမေရဲ့ ကိုကို့မေမေကိုက မတရားတာ ”
ပြောချင်ရာ ဇွတ်ပြောပြီးတာနဲ့ မေမေ့ဆီကထပ်ပြီးအမှားထောက်ပြမယ့် စကားတွေ မကြားရခင် ဧည့်ခန်းနေရာကနေ ထထွက်ခဲ့လိုက်ပြီး ကိုယ့်အခန်းထဲကို ၀င်ခဲ့လိုက်သည်
တဂယ်တော့ အိမ်ကထွက်လာပြီး လမ်းမှာကတည်းက ငါမှားသွားပြီလားဆိုပြီး စိတ်ထဲ မကောင်းဖြစ်နေခဲ့တာ မေမေ့ဆီရောက်မှ လုံး၀ နှစ်သိမ့်မှုမရ အပြစ်သားကြီးကျနေတာပဲ ဟွန်း!
*-*-*-*-*
အချိန်အားဖြင့် ည၁၁နာရီရှိနေပြီဖြစ်သည်
လူကလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီဖြစ်သည် အကြောင်းအရင်းကတော့ ကိုကိုလာမခေါ်လို့
