Companyက productအသစ်အတွက် photo shooting...
အချိန်လွန်သည်အထိ ကြော်ငြာmodelလုပ်မည့်ကောင်ကရောက်မလာ။CEOကိုယ်တိုင်ဝင်ကြည့်နေပြီဖြစ်တာကြောင့် ဒါရိုက်တာကြီးနဲ့ မန်နေဂျာခမျာ့ မျက်နှာကအပျက်ပျက်အယွင်းယွင်းရယ်။
JeonJungkookမျက်နှာက တည်တင်းနေတာမို့ အကုန်လုံးက ခပ်လန့်လန့်။
လက်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး...
"အဲ့ဒီmodelနေရာမှာ ကျွန်တော်ရိုက်မယ်....."
ခပ်ပြတ်ပြတ်ထွက်လာတဲ့စကားသံ...။
"ဖြစ်...ဖြစ်ပါ့မလား!..CEO!..ခင်ဗျ!..."
"စကားကိုနှစ်ခါပြောရတာမျိုး ကျွန်တော်သဘောမကျဘူး!...."
"အတွင်းရေးမှူးဟန်!..အဲ့ဒီmodelရဲ့ ph noနဲ့အမည်ကိုသေချာမှတ်ထားပြီး blacklistထဲထည့်လိုက်..."
"ဒါရိုက်တာကြီးက ရိုက်ဖို့အဆင်သင့်ပြင်ထားပေး....."
ခပ်ပြတ်ပြတ်အမိန့်သံနှင့် ဆက်တိုက်ဆိုသလိုညွှန်ကြားနေသည်။
Makeup artistတွေက အနားကိုအပြေးရောက်လာကြသည်ကို လက်ကာပြကာ တားလိုက်ပြီး..
"ကိုယ့်styleနဲ့ကိုယ်မို့ makeupတွေဘာတွေမလိုဘူး..."
စကားသံတစ်ခုချင်းစီတိုင်းက တိုတောင်းပြီးပြတ်ရှရှ။ယုံကြည်မှုအပြည့်စီးဆင်းနေဟန်ရှိသည်။
မျက်ခုံးထောင့်စွန်း၌ ဖောက်ထားသော piercing...
အလယ်မကျဘေးမကျခွဲထားသည့် ခပ်တိုတိုဆံပင်တွေ...
အပြုံးအရယ်မရှိအေးစက်စက်နှုတ်ခမ်းပါး၏ထောင့်စွန်း၌ ခပ်သေးသေးငွေရောင်ကွင်းတစ်ခု...
Shirt လက်တိုကို ကြယ်သီးအကုန်ဖြုတ်ကာ ဝတ်ဆင်ထားတာကြောင့် ခပ်မိုက်မိုက် bodyအချိုးအစားကို လှစ်ဟပြထားသည်။
Jean pantကို under wearတံဆိပ်ပေါ်အောင် ဝတ်ဆင်ထားပြီး
Shirtအင်္ကျီလက်တိုအောက်၌ မကြာသေးမီကမှ အရောင်ဖြည့်ထားသည့် တက်တူးတွေက အရောင်အသွေးစုံလင်စွာ။
JeonJungkookပုံစံက တကယ့်ခပ်ဆိုးဆိုး လူငယ်ပုံစံမျိူး။
အကုန်လုံးက ပါးစပ်အဟောင်းသားဖြစ်သွားတာကြောင့် မထိတထိပြုံးမိလိုက်သည်။