ဆူး 🥀

67 5 0
                                    

"မောင် ငယ့်ကိုချစ်လားဟင်"

"ချစ်ပါတယ်"

အဲ့လိုပါပဲ ကျွန်မကချစ်လားမေးတိုင်း မောင်ကတော့ဘယ်တုန်းကမှ ကျွန်မကိုမချစ်ဘူးလို့ မပြောခဲ့ဖူးဘူး။မောင်က ကျွန်မကို စိတ်ခံစားချက်မပါ၊အသက်မပါပဲ ဝတ္တရားအရပြောတဲ့ "ချစ်ပါတယ်"ဆိုတဲ့စကားလုံးလှလှလေးနဲ့ ချုပ်နှောင်ထားတာ ဟင့်အင် မဟုတ်ဘူး ကျွန်မကိုယ်တိုင်ကိုက မောင်နှုတ်ဖျားကထွက်လာတဲ့ ချစ်ပါတယ်ဆိုတဲ့စကားလုံးလေးတွေကြားက ရှူန်းမထွက်နိုင်ခဲ့တာ၊ချုပ်နှောင်မိနေခဲ့တာ။

ကျွန်မကတော့ မောင့်ကိုသိပ့်ချစ်တယ်။ချစ်လွန်းလို့လည်း မောင်ဟာကျွန်မအပိုင်ဖြစ်ခဲ့တာပေါ့။နောက်ပြီး မောင်က ကျွန်မဘဝအတွက်အရေးပါတဲ့လူ။ကျွန်မ ဘဝအတွက်ပထမဦးစားပေးရတဲ့လူ။ကျွန်မဘဝအတွက်တော့ မောင်ဟာတစ်ဦးတည်းသော အချစ်ဦးနဲ့အချစ်ရဆုံးသောသူ။မောင့်အတွက်ကော........ဟင့်အင့် ကျွန်မက မောင့်အတွက် ပထမဦးစားပေးလည်းမဖြစ်ခဲ့သလို ၊ မောင့်ဘဝရဲ့ အရေးပါဆုံးလူလည်း မဖြစ်ခဲ့ဘူး ၊မောင့်အတွက် အချစ်ဦးလည်း မဟုတ်ခဲ့ပြန်ပါဘူး။ ဒီတိုင်း ကျွန်မကမောင့်အတွက် ဇာတ်ရံသာသာ။

Ring!! Ring!!!

"ဟယ်လို"

"....................."

"အင်း ကိုယ်အခုလာခဲ့မယ်"

ဖုန်းပြောပြီးထထွက်သွားဖို့ပြင်နေတဲ့မောင်ကြောင့် ကျွန်မမေးလိုက်မိတယ်။

"မောင် ဘယ်ကိုလဲ"

"မောင့်သူငယ်ချင်း အရေးကြီးကိစ္စခေါ်လို့ မောင်သွားမှဖြစ်မယ်"

"မောင်မသွားလို့မရဘူးလား ၊ ဒီနေ့က ငယ်နဲ့မောင်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ"

"ငယ်ရာမဆိုးစမ်းနဲ့ ၊ နွယ်ကျန်းမာရေးအခြေအနေလည်း မင်းသိသားနဲ့ မောင်မသွားလို့ မဖြစ်ဘူး"

ဟော....လာပြန်ပါပြီ အဲ့နွယ်ဆိုတဲ့အမျိုးသမီး။မောင့်ကိုမသွားဖို့တားမိတဲ့ ကျွန်မကိုကျွန်မပဲနောင်တရမိတော့တယ်။

"မောင် ဒါပေမဲ့ ဒီနေ့ကငယ်တို့....."

စကားမဆုံးခင် အရေးတကြီးထွက်သွားတဲ့ မောင့်ကျောပြင်ကိုကြည့်ရင်း ကျွန်မရင်ထဲကဆစ်ခနဲ။ဒီနေ့က မောင်နဲ့ကျွန်မရဲ့ မင်္ဂလာသက်တမ်းနှစ်နှစ်ပြည့်တဲ့နေ့လေး။ ကျွန်မတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို ကျွန်မတို့နှစ်ယောက်အတူတူဖြတ်သန်းချင်တယ်။ ဒါပေမဲ့ ဒါပေမဲ့..... မောင်က အဲ့အမျိုးသမီးရှိထပ်ထွက်သွားခဲ့ပြန်တယ်။အဲ့အမျိုးသမီးဆိုတာ မောင့်သူငယ်ချင်းမလေး တစ်နည်းအားဖြင့် မောင့်ရဲ့ ပထမဦးစားပေးခံရတဲ့အမျိုးသမီးပေါ့ ၊ နောက်တစ်နည်းနဲ့ပြောရရင်တော့ မောင့်အချစ်ဦးမလေး။ ကျွန်မပြောခဲ့သားပဲ ကျွန်မကမောင့်အတွက် အရေးမပါခဲ့သလို ပထမဦးစားပေးလည်း မဟုတ်ခဲ့ပါဘူးလို့လေ။ အဲ့တာကလည်းခုမှမဟုတ်ပါဘူး မောင်နဲ့ကျွန်မ လက်ထပ်ပြီးကတည်းက...............

You've reached the end of published parts.

⏰ Last updated: Sep 16, 2022 ⏰

Add this story to your Library to get notified about new parts!

𝙿𝚢𝚘 ' 𝙾𝚗𝚎𝚜𝚑𝚘𝚝 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 Where stories live. Discover now