ပေလွှာဖူး 🍟

118 4 0
                                    

အဖြူအစိမ်းလေးနဲ့ကျောင်းထဲကိုဝင်လာတဲ့ကောင်မလေးတစ်ယောက်။ဆံပင်လေးကိုတစ်ဖက်တစ်ချက်စိစီးပြီး ခန္ဓာကိုယ်ဝဝကစ်ကစ်လေးနဲ့မို့ မျက်နှာဝိုင်းဝိုင်းလေးပေါ်မှာပါးလေးတွေကဖောင်းကစ်နေမှာအသေချာပဲ ထို‌မျက်နှာဝိုင်းဝိုင်း‌လေးပေါ်မှာ ခပ်ဝိုင်းဝိုင်မျက်မှန်လေးကလည်းနေရာယူထားသေး။ခန္ဓာက်ိုယ်လေးဝကစ်နေတာလဲမပြောနဲ့လေလက်ထဲမှာလည်းမုန့်တွေတပွေ့တပိုက်နဲ့။ခုလည်းကြည့်လေ "လူကြီးတွေပြောသလိုပါးစပ်နဲ့မုန့်နဲ့မပြတ်ဘူး"ဆိုတဲ့အတိုင်း vitoဗူးကိုသောက်ရင်းကျောင်းဝင်းထဲသို့ဝင်လာတဲ့ ပေလွှာဖူး။

"ဟက် ကြားပြီးပလားကျောင်းပြောင်းလာတဲ့ကျောင်းသားအသစ်က စောက်ရမ်းချောတာတဲ့နော်"

"ဟယ် ဟုတ်လား။ ငါမမြင်ရသေးဘူး"

"အေး ငါလည်းမမြင်ရသေးဘူး။ လာ သွားကြည့်ရအောင်"

"အေးအေး"

ကျောင်းထဲသိုဝင်လာလာချင်းချင်းဖူးဘေးနားကကောင်မလေးနှစ်ယောက်ပြောသံကို ဖူးနားစွင့်မီလိုက်ပါတယ်။ကျောင်းသားသစ်ပြောင်းလာတယ်ဆိုပဲ ဘယ်လောက်ချောလို့ကောင်မလေးတွေကြားထဲမှာရေပန်းစားနေတာလဲမသိဘူး။

ဖူးတို့ကတော့ အဲ့တာမျိုးတွေစိတ်မဝင်စားပါ။အစားအသောက်ပဲစိတ်ဝင်စားတယ်။အစားအသောက်ကမှကိုယ့်အတွက် ဗိုက်ဝအုံးမယ်လေ ဟုတ်တယ်မလား။ခုလည်းကြည့်လေ vito ဗူးလေးကိုသောက်ပြီး လက်ထဲမှာမုန့်မျိုးစုံပိုက်ပြီးလမ်း‌လျှောက်ရတဲ့ခံစားချက်က ရည်းစားရလို့ကောင်လေးလက်ကိုင်ပြီးလမ်းလျှောက်ရတဲ့ခံစားချက်မျိုးနဲ့မထူးမခြားနားလေးပါ ဟီးဟီး။

..........................

အတန်းထဲရောက်တော့‌ဖူးထိုင်နေကြ ပြတင်းပေါက်ဘေးကခုံလေးမှာထိုင်နေလိုက်သည်။သူငယ်ချင်းရယ်လို့များများစားစားမရှိပါကြုံရာလူနဲ့ပဲပေါင်းလိုက်ပြီး အစားကိုပဲအာရုံစိုက်လိုက်တယ်။အဲ့ဒါကြောင့်မို့လို့လည်း ဖူးဘေးနား ဖူးနဲ့အတူထိုင်တဲ့လူမရှိပါ။

ကလင် ကလင် ကလင်

ကျောင်းတက်ခေါင်းလောင်းထိုးပြီးခဏအကြာ ဆရာမဝင်လာသည်။

𝙿𝚢𝚘 ' 𝙾𝚗𝚎𝚜𝚑𝚘𝚝 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 Where stories live. Discover now