စ-ဆုံး(Unicode)

4.8K 215 8
                                    

***နှလုံးသားထက်က မုသားကိုယ်စီ***

________<<<<<<>>>>>>>>_________

"တောက်...တောက်...တောက်"

နားထဲတွင် ရေစက်ကျသံ တတောက်တောက်အား ကြားယောင်နေသည်။

မျက်တောင်လေးများအား လှုပ်ရှားကာ မျက်ဝန်းတို့အား ကြိုးစားဆွဲဖွင့်လိုက်၏။

သိပ်သည်းထူထပ်သော  အမှောင်ထုတစ်ခုက သူ၏အမြင်လွှာတို့အား ပိန်းပိတ်မှောင်မည်းအောင် ပိတ်လှောင်ထားသည်။

အမှောင်ထုနှင့်အတူ အကြောက်တရားက ရင်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်လာ၏။

အချိန်အနည်းငယ်ကြာသောအခါ အမြင်အာရုံက အမှောင်ထုအား ကျင့်သားရလာပြီးနောက် ရှင်းလင်းသော မြင်ကွင်းတစ်ခု ခပ်ရေးရေးပေါ်လွင်လာလေသည်။

"ဒေါက်...ဒေါက်...ဒေါက်"

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်သော ရှူးဖိနပ်သံက ကြမ်းပြင်နှင့်ထိခတ်၍ စည်းချက်ကျကျ ထွက်ပေါ်နေ၏။

လူတစ်ယောက် သူ့ဆီလာနေတယ်။

ရှူးဖိနပ်သံက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ထွက်ပေါ်နေဆဲပင်။ ထိုအသံက မှောင်မည်းနေသော ညည့်ဦးယံတွင် ချောက်ချားဖွယ်ကောင်းလွန်းနေသည်။

ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရှုကာ မရေရာမှုတို့နှင့်အတူ ရေရွတ်လိုက်မိ၏။

"ငါ ဘယ်သူလဲ....ဒါ ဘယ်နေရာလဲ"

သူ၏ ရေရွတ်သံအဆုံး ပိတ်ထားသောတံခါးဆီမှ အကြမ်းပတမ်းဆွဲဖွင့်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အခန်းထဲတွင် မီးရောင်မှိန်ဖျဖျ ထွန်းလင်းလာသည်။

တံခါးပေါက်တွင် လူတစ်ယောက်ရပ်တန့်နေ၏။
အနောက်တိုင်းဝတ်စုံ အနက်အား သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အနက်ရောင်ရှူးဖိနပ်များဖြင့် ထိုလူ၏နက်မှောင်တောက်ပနေသော မျက်ဝန်းတစ်စုံကလည်း သူ့အားအလိုမကျစွာ စိုက်ကြည့်နေသည်။

အနက်ရောင်ဆံပင်များအား အနောက်ဘက်သို့ သေသပ်စွာလှန်ဖီးထားပြီး ယောကျာ်းပီသသော မျက်နှာကျက လွန်စွာချောမောလွန်းလှ၏။

နှလုံးသားထက်က မုသားကိုယ်စီ(one short)Where stories live. Discover now