ချစ်တာတစ်ခုတည်း (uni)

59 6 0
                                    

"နွေဦးရောက် အဖူးခက်စီ... မြပန်းခွေ မခူးရက်ပြီ...ရောင်ယှက်ဖြာ သန်းတော့သည်...ပန်းလိပ်ပြာ ရစ်ဝဲကာ နွှဲကြပြီ...

ဘုံဆွမ်းလောင်းအတွက် အလှူခံလာကောက်ရင်း အိမ်ငယ်လေးထဲမှ သီချင်းသံနှင့် ရောနေသော ခပ်ဝဲဝဲလွင်လွင် အသံလေးကို ခန့်နောင် အတိုင်းသား ကြားနေရသည်။ အိမ်ပြတင်းပေါက်ကို ဖုန်သုတ်နေပြီး နှုတ်ခမ်းပါးပါးလေးမှာလည်း သီချင်းဆိုမပြတ်။အိမ်ရှေ့ကနေ လှမ်းခေါ်ရမလို၊လှည့်ပြန်ရမလိုနှင့် ခန့်နောင်စိတ်သည် သီချင်းညည်းသံခပ်တိုးတိုးကြားမှာ ကိုယ်တိုင်ပင်မသိလိုက်ပါဘဲ ပြုံးပြုံးကြီး လွင့်မြောနေလေ၏။

" ဒီမှာဗျ...ဘာကိစ္စလဲ မသိဘူး..."

မိမိအား ပြုံးပြုံးကြီး ကြည့်နေပါသော အနှီသူစိမ်းကို အနည်းငယ် ကြောက်နေပါသော်လည်း အိမ်တွင် အဘွားရယ် ကိုယ်ရယ်ပဲ ရှိလို့ မေးစရာရှိတာ ခပ်တင်းတင်းတည်တည်မေးရပေမည်။

" ဪ ညီ...ရပ်ကွက် ဘုံဆွမ်းလောင်းအတွက် အလှူငွေ လာကောက်တာပါ..."

" အေး ဟုတ်သားပဲ ပိုင်ရေ...အဖိတ်နေ့တောင် ရောက်ပြီ...သွားချည်စမ်း...အိတ်ထဲက ပိုက်ဆံ ယူချည်..."

ကောင်လေးကို ပြောနေရင်း အိမ်တွင်းထဲမှ အသံချိုချိုနှင့် သဘောမနောကောင်းလှမည် ဖြစ်သော အဘွားက ထွက်လာလေသည်။အဘွားဖြစ်သူက အလှူငွေ ယူဖို့ခိုင်းနေပေမယ့်လည်း ထိုကောင်လေးက ခန့်နောင်ကို စေ့စေ့စပ်စပ်ကြည့်ပြီး မျက်နှာထားကို တင်းထားသေးသည်။ထို့နောက် အဘွားဖြစ်သူနား တိုးတိုးတိတ်တိတ် ကပ်ပြောလေတော့ အဘွားဖြစ်သူကပါ ခန့်နောင်တစ်ကိုယ်လုံးကို အစုန်အဆန် ကြည့်ပြီး " ဟုတ်လို့လား ပိုင်ရယ်..." ဟု ပြောလေသည်။ထိုသို့ အဘွားကပြောတော့ ကောင်ငယ်လေးက နှုတ်ခမ်းကိုမဲ့ရွဲ့ကာ " ခုခေတ်ထဲ ဒါမျိုးတွေ ရှယ်ပေါတာဗျ.."လို့ အားပါးတရ ပြောချပြီး ခန့်နောင်ဘက်ကို မျက်နှာလှည့်လာသည်။

" ဒီမှာ ဘာကို အလှူခံလဲ ဘုံဆွမ်းလောင်းလဲ...ရပ်ကွက် ဘုံဆွမ်းအတွက်ဆို ပိုင်စေခမ်းတို့က အမြဲလှူနေကျ...အရင်လာကောက်တဲ့သူတွေထဲမှာ ဦးလေးကိုလည်း မမြင်ဖူးပေါင်နော်..."

ခ်စ္တာတစ္ခုတည္း(ချစ်တာတစ်ခုတည်း) oneshotWhere stories live. Discover now