Ep (19) ❤

686 66 2
                                    

Unicode

ဒရေကို ဆေးရုံတက်နေသည်မှာ လေးရက်လောက်ရှိပြီဖြစ်သည်။ မနက်ဖြန် ဆေးရုံဆင်းရတော့မည်ဖြစ်၍ ဒရေကို တက်ကြွနေသည်။ ဆေးရုံရဲ့ လျှောက်လမ်းမမှာ လူအနည်းငယ်သာရှိပြီး တိတ်ဆိတ်နေသည်။ ဒရေကိုက ဝှီးချဲပေါ်တွင်ထိုင်နေပြီး ဟယ်ရီက ဝှီးချဲကိုတွန်းလာသည်။

ဒီနေ့မှာ ကောင်းကင်က သာယာကြည်လင်နေသည်။ တစ်ချက်တစ်ချက်လေပြေအေးလေးတွေကလည်း တိုက်ခတ်နေသည်။

"ဒရေကို မင်းမနက်ဖြန်ဆေးရုံကဆင်းရတော့မှာနော်..ဆင်းရင် မင်း ဟိုကလေးတွေရဲ့ အိမ်ကိုသွားမှာလား.."

"အွန်း ငါအဲ့ကိုသွားရမယ်..မစ္စတာ ဟန်ရဲ့ နောက်ဆုံးဆန္ဒမို့လို့လေ.."

"ငါလဲ လိုက်ခဲ့မယ်.."

"အွန်း ဒါနဲ့ ငါ့ကိုအဖြေပေးဖို့လဲ စဥ်းစားထားနော်.."

မော့ကြည့်ပြီးပြောလာတဲ့ သူကိုကြည့်ရင်း ဟယ်ရီပြုံးပြီးတော့သာ ခေါင်းငြိမ့်ပြလိုက်သည်။

...........................❤

နောက်တစ်နေ့မနက်...။
မနက်ခင်းသည်သာယာနေသည်။ ကားအဖြူလေးသည် ဆေးရုံကနေ တရွေ့ရွေ့ထွက်ခွာလာသည်။ ကားရှေ့ခန်းတွင် ဒရိုက်ဘာရှိပြီး ဒရိုက်ဘာဘေးတွင်တော့ မက်ဖွိုင်းမိသားစု၏ ရှေ့နေက ထိုင်နေသည်။ ဒရေကိုနဲ့ဟယ်ရီကတော့ နောက်ခန်းတွင်ထိုင်ကြသည်။

နာရီဝက်လောက်ကားမောင်းပြီးနောက်မှတော့ အိမ်လေးတစ်လုံးရှေ့တွင် ကားကိုရပ်လိုက်သည်။ မစ္စတာ ဟန်၏ အိမ်ဖြစ်သည်။
အိမ်လေးသည် နှစ်ထပ်သစ်သားအိမ်လေးပင်ဖြစ်သည်။

အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်က အိမ်ထဲကထွက်လာပြီး သူတို့နားကိုမြန်မြန်လျှောက်လာသည်။

"မစ္စတာ မက်ဖွိုင်း..ကြွပါရှင် အိမ်ထဲဝင်ပါအုံး.."

သူတို့လဲ အိမ်ထဲသို့ဝင်လာကြသည်။ အိမ်ခန်းလေးရဲ့အလယ်တွင် သူတို့တွေထိုင်ဖို့အတွက် သစ်သားခုံလေးခင်းပေးထားသည်။ ထိုသစ်သားခုံလေးသည်သာ အိမ်တွင် အသစ်ဆုံးဖြစ်သည်ဟုဆိုရမည်။

"အဒေါ်က စကော်ပီးယပ်စ် ဝင်စတာ နဲ့ အဲလ်ဘတ်စ် ဝင်စတာ တို့ရဲ့ အထိန်းတော်လား.."

BFF OR NOT (Drarry ❤)Where stories live. Discover now