၁၂၇၆ မှ ၁၂၈၀

273 20 0
                                    

စာစဥ် ၆၆ : အပိုင်း ၆

အပိုင်း ၁၂၇၆ : ကိုယ်ဖော်သည့်ဆေးကို ကိုယ်ပြန်သောက်ရခြင်း

အချို့သောသူများသည် ဇူရီအား ရှုံးနိမ့်ခဲ့ကြသော်လည်း အစွမ်းမထက်ကြသူများ မဟုတ်ကြပေ။ သို့ရာတွင် သူတို့၏ စွမ်းအားများကို အပြည့်အဝ အသုံးမပြုနိုင်ပဲ ဇူရီ၏ အနိုင်ယူခြင်းကို ခံခဲ့ရသဖြင့် နောင်တများဖြင့်သာ ကျန်နေခဲ့ရသည်။

ဇူဟုန်ဝူသည် အတွေ့အကြုံ ရင့်ကျက်ကာ တိုက်ပွဲများတွင် အတွေ့အကြုံ ရှိသည်။ သူသည် သူ့ပြိုင်ဘက်များကို တိုက်ခိုက်ခဲ့သော အခါ သူတို့၏ မျှော်လင့်ချက်များ အားလုံးတို့ကို ဖျက်ဆီးခဲ့သည်။

သူသည် ဖြစ်စဥ်ကို ဂရုမစိုက်ပဲ သူ့ကိုယ်သူသာ ဂရုစိုက်သည်။ သူလိုချင်သည်မှာ သူ့ပြိုင်ဘက်အား လျင်မြန်စွာနှင့် အပြတ်ရှင်းနိုင်ရန်သာ ဖြစ်သည်။ မည်သည့် မတော်တဆမှုများ မဖြစ်ပဲ အခြေအနေများသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်လာသည်နှင့် သူက ကျေနပ် အားရနေ၏။

တစ်ခုတည်းသော ခြွင်းချက်မှာ သူ့တွင် အခြား အကြောင်းရင်း သို့မဟုတ် အစီအစဥ်များ ရှိနေချိန်တွင် ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့ဖြစ်သည်။ ဇူဟုန်ဝူသည် သူ၏ စွမ်းအားများကို အစွမ်းကုန် မထုတ်ပြခဲ့ပေ။ သို့သော်လည်း သူသည် အရှုံးပေးလိမ့်မည် မဟုတ်ချေ။ အကယ်၍ ဇူရီသည် အစကတည်းက သူ့စွမ်းအားများကို အကုန် ထုတ်ဖော်ခဲ့ပါက သူကလည်း နည်းဗျူဟာများ ပြောင်း၍ ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

လျှမ်ပန်းသည် သူ့အား အချိန်ဆွဲရန် တောင်းဆိုထားသော်လည်း အကယ်၍ သူက လျင်မြန်စွာဖြင့် ရှုံးနိမ့်သွားပါက အချိန်ဆွဲနိုင်တော့မည် မဟုတ်ချေ။

သရေကျနေသော ပြိုင်ပွဲ အခြေအနေဖြင့်သာ သူ့အနေနှင့် လိုအပ်သော အကျိုးသက်ရောက်မှုများကို ရရှိနိုင်မည် ဖြစ်၏။

သို့သော်လည်း ဇူရီကလည်း ပုံမှန်မဟုတ်ပဲ သူ့စွမ်းအားများကို အစကတည်းက အစွမ်းကုန် မထုတ်ခဲ့ချေ။ သူသည် ဇူဟုန်ဝူအား နားလည်နေသကဲ့သို့ ဇူဟုန်ဝူကို လွှမ်းမိုးနိုင်ရန် မကြိုးစားခဲ့ပဲ သူ့အား တစ်ကွက်ချင်းသာ တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ဇူဟုန်ဝူကလည်း သူ့အား နားလည်ရန် ခက်ခဲနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora