သူ ICU ထဲမှာ....။ သတိလစ်နေခဲ့တာ တစ်ပတ်ပင်ရှိခဲ့ပါပြီ။ အမြဲတမ်း အရိပ်တကြည့်ကြည့် ရှိခဲ့သော... တုံ့ပြန်စကားမရသည့်တိုင်ဇွဲမလျော့ဘဲ တတွတ်တွတ် စကားတွေဆိုခဲ့သော ကြည့်လိုက်လျှင် သူမအတွက် တစ်ခုခုလုပ်ကိုင်ပြင်ဆင်ပေးတတ်ခဲ့သော လူတစ်ယောက်...အဲ့ဒီမျက်ဝန်းတွေမှိတ်ကာ ဘာလှုပ်ရှားတုံ့ပြန်မှုမရှိတော့ပဲ ဘာစကားမှ မပြောတော့ဘူးဆိုသောအခါကျမှ သူမ၏ အေးခဲထူံထိုင်းနေခဲ့သောနှလုံးသားကဖျတ်ခနဲ လွန့်လူးနိုးကြားစပြုလာခဲ့သည်။ သူ့ကုတင်ဘေးမှာ နာရီပေါင်းများစွာငြိမ်သက်တိတ်ဆိတ်လျက် သူများ ဘယ်အချိန်ထ ပြီးလှုပ်ရှားလာမလည်း.....မ.ဟု ဖွဖွ ညင်သာကလေးခေါ်လိုက်မလည်း...... ဟု မျှော်လင့်တကြီး ရှိရလွန်းသော ရင်ဖြင့် ထိုင်စောင့်ခဲ့မိပြီ။ သူ့ကိုလည်း စကားတွေများစွာ ပြောနေမိခဲ့ပြီ။ မိုးစက်ရယ်... ပြန်နိုးလာခဲ့ပါတော့။ နင့်ရဲ့ဂရုတစိုက်ရှိလွန်းတဲ့စကားသံတွေ အကြင်နာတွေ အယုအယတွေကို ငါတောင့်တ လွန်းလှပြီ။ ပြီးတော့ နင့်ကိုဒီပုံအတိူင်း ငါမမြင်ရက်ဘူး မိုးစက်ရဲ့။ ပြုံးရွှင်တက်ကြွနေတဲ့နင့်ရဲ့ရှင်သန်မှုကိုပဲ ငါလိုချင်တယ်။ အဲ့ဒီနေ့က နင်သိပ်များစိတ်ထိခိုက်သွားခဲ့သလားဟင်။ နင်ငိုခဲ့သေးလား။ စိတ်တွေ လှုပ်ရှားပေါက်ကွဲနေခဲ့လိုများနင် accidentဖြစ်ခဲ့တာလား။ ငါ့ပယောဂမှ ကင်းရဲ့လား မိုးစက်ရေ။ ငါ့ရင်ဘတ်ထဲမှာနင့်ကို ပြောချင်တဲ့စကားတွေ အများကြီးပဲ စုပြုံလွန်းနေပြီ။ အရိုးရှင်းဆုံးဝန်ခံရရင်နင့်ကို ငါသိပ်လွမ်းနေခဲ့ပြီ။
အထူးသဖြင့် အိမ်မှာတစ်ယောက်တည်းရှိနေမိချိန်မှာ သူ့ကိုတမ်းတစိတ်က အဆိုးရွားအပြင်း ပြဆုံး။ အရာရာဟာ သူ့လက် သူ့ခြေ ချည်းပဲမို့အားလုံးဟာသူ့ကိုသတိရခြင်းနှင့် ကင်းလွတ်တာရယ်လို့မရှိပါ။ မျက်နှာသစ်၊သွားတိုက်တိုင်း ရေချိုးတိုင်း အဝတ်အစားလဲတိုင်း ထမင်းစားတိုင်း ညအိပ်ခါနီးတိုင်း သူ့ရဲ့လှုပ်ရှားမှုတွေကိုသာ မြင်ယောင်နေမိပါသည်။ မိုးစက် ရေကြာရင်ငါရူးရတော့မယ် ထင်ပါရဲ့။ တစ်ယောက်တည်းနေရတာ ချောက်ချားလွန်းလှပြီး။ မေမေတို့ အိမ်လည်းပြန်မနေချင်ပါ။ သူ့အငွေ့အသက်လှုပ်ရှားမှုကလေးတွေ အရိပ်ကလေးတွေကို ဒီတိုင်း ပစ်မထားခဲ့ချင်။
YOU ARE READING
မရဲ့....မူပိုင်ရှင်
Short Storyအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏