Part 13

1K 133 63
                                    

Zawgyi :

လီဆာ လီယန်းကိုပြန်လာတည်းက လီယန်းဟာစိုစိုပြည်ပြည်နှင့် ပိုမိုစည်ကားလာသလို ပြည်သူအပေါင်းရဲ့ ပျော်ရွှင်သံဝမ်းမြောက်သံတို့က တစ်နိုင်ငံလုံးကို ဖုံးလွှမ်းနေခဲ့သည်။

နှစ်ပေါင်းများစွာပျောက်ဆုံးလျှက်ရှိနေသော မင်းကြီးနှင့် မိဖုရားကြီးတို့၏ အပြုံးပန်းတို့သည်လဲ ပေါပေါသီသီ ပွင့်လန်းလာခဲ့၏။

လီယန်းရဲ့မနက်ခင်းတစ်ခုမှာ အထိန်းတော်ရံရွေတော်တို့နှင့် မင်းသမီးလေးလီဆာက ခမည်းတော်နှင့် မယ်တော်တို့ရှိရာအဆောင်တော်ကို ဦးတည်ကာ ထွက်လာခဲ့သည်။

" အရှင်မင်းကြီး မင်းသမီးလေး ရောက်ရှိလာပါတယ်"

အထိန်းတော်ကြီးအကြောင်းကြားအပြီးမှာ တံခါးချပ်သုံးခုက အစဉ်လိုက်ပွင့်ဟလာပြီး လီဆာလဲ အဆောင်တော်ထဲဝင်သွားခဲ့၏။

" သမီးတော်လေး "

" ခမည်းတော်နဲ့ မယ်တော်ကို မနက်ခင်းဂါရ၀ပြုနှုတ်ဆက်ဖို့လာခဲ့တာပါ "

" ကောင်းပါပြီသမီးတော် "

ခမည်းတော်ဖြစ်သူနဲ့ မယ်တော်ဖြစ်သူကို ဂါရ၀ပြုပြီးသည့်အခါ ခမည်းတော်တို့နှင့် ခုံမှာ အတူဝင်ထိုင်စေသည်။

" ခရီးပန်းတာရော သက်သာပြီးလား သမီးတော် ခန္တာကိုယ်မှာ နေလို့မကောင်းတာမျိုး ခံစားမိရင် သမားတော်ကိုပြောပြီး ဆေးစပ်ခိုင်းဟုတ်ပြီလား "

" ဟုတ်ကဲ့မယ်တော် "

" အထိန်းတော်ကြီး "

" ဟုတ်ကဲ့ "

" မင်းသမီးလေးနဲ့အတူ မနက်စာစားမှာမို့ သေချာပြင်ဆင်လာခဲ့ချေ "

" ဟုတ်ကဲ့ မင်းကြီး "

" ခမည်းတော် မယ်တော် သမီးတော်ခွင့်တစ်ခုလောက်တောင်းချင်ပါတယ် "

" ဘာများလဲသမီးတော် ပြောပါဦး "

" သမီးတော်တိုင်းတစ်ပါးမှာ ပညာသွားရောက်သင်ကြားချင်ပါတယ် "

" ဘာကြောင့်များလဲ လီလီ သမီးတော်လေးရဲ့ ပညာရေးအတွက် ဒီမှာလဲ ဆရာကောင်းတွေ ခမည်းတော် စီစဉ်ပေးနိုင်ပါတယ် "

Kryptonite(You will never be my 'kryptonite' )Where stories live. Discover now