နာမည်ကြီးဆေးရုံတစ်ခုရဲ့ vipအခန်းတစ်ခုထဲမှာ လူတစ်ယောက်ရှိနေသည်။ထိုလူက ကုတင်ပေါ်မှာလဲနေပြီး သူ့ရဲ့ခေါင်းမှာလဲ ပတ်တီးတစ်ခုရှိနေသည်။ ထိုသူမှာ ဒဏ်ရာရပြီး လဲလျောင်းနေရသော်လည်း သူ့ရဲ့ချောမောမှုကတော့ ပျောက်မသွားပေ။သူ့ရဲ့နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်ကလေးကလဲ ထိုသူရဲ့ချောမောမှု့ကို ပံ့ပိုးပေးနေသည်။
အတန်ကြာတော့ ထိုအခန်းထဲကို လူတစ်ယောက်က၀င်လာလေသည်။ထိုသူပုံစံကြည့်ရတာ ဝစ်ခုခုက်ုစိုးရိမ်ပြီး ၀မ်းနည်းနေသလိုပင်။သူရဲ့မျက်လုံးတွေမှာလဲ နီရဲနေလေသည်။ပါးပေါ်က မျက်ရည်စတွေကလဲ မခမ်းခြောက်သေးပုံက မကြာခင်ကမှ ငိုထားပြီးကြောင်း သိနိုင်သည်။ထိုလူက တရွေ့ရွေ့နဲ့ လျှောက်လာပြီး ကုတင်နားရောက်တော့ ရပ်သွားသည်။ပြီးတာနဲ့ လဲလျောင်းနေသူရဲ့ဆေးမသွင်းထားတဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ပါးပြင်မှာကပ်ထားလိုက်လေသည်။
"ရှောင်း တောင်းပန်ပါတယ်နော်"
"ကျေးဇူးလဲတင်တယ် သိလား ကျွန်တော့်ကို ချစ်ပေးလို့ ဂရုစိုက်ပေးလို့ ကျွန်တော်ကဘာမဟုတ်တဲ့သူဖြစ်နေတယ်ဆိုတာတောင်မှ ပေါ့"
"တောင်းပန်ပါတယ် ရှောင်းရယ် ခွင့်လွှတ်ပေးဖို့တော့ မပြောပါဘူး
နေကောင်းအောင်နေပါ ရှောင်း အလုပ်တွေလဲ အရမ်းကြီး မလုပ်ပါနဲ့ နေမကောင်းဖြစ်နေလိမ့်မယ် ကျွန်တော့်အတွက်တော့ ရှောင်းက တန်ဖိုးဖြတ်မရပါဘူး ဂရုစိုက်ပါ ရှောင်း"၀မ်ရိပေါ်က ထိုသို့ပြောပြီး ဆေးရုံခန်းထဲကနေ ထွက်သွားလေသည်။ထိုစဉ် ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ရှောင်းကျန့်ရဲ့ လက်တစ်ဖက်ကလှုပ်သွားသည်ကိုတော့ ထွက်ခွာသွားတဲ့၀မ်ရိပေါ်က မမြင်ခဲ့ပေ။
ရှောင်းကျန့်ခုရောက်နေတဲ့နေရာက ပန်းခြံတစ်ခုမှာဖြစ်သည်။တက္ကသိုလ်ပထမနှစ်အရွယ်မှာတင် သူစီးပွားရေးလောကထဲကို စတင်၀င်ရောက်နေရပြီမို့ သူ့အတွက် စိတ်အပန်းဖြေရာက ပန်းခြံပင်ဖြစ်သည်။မိသားစု၀င်နှစ်ယောက်သာရှိတဲ့ သူတို့နှစ်ယောက်အတွက် ရှောင်းကျန့်ကြိုးစားရမည်။အဓိက,က မားကိုမပင်ပန်းစေချင်ဘူး။သူ့အတွက်နဲ့ မားပင်ပန်းခဲ့ရတာ များပြီလေ။ဒီတစ်ခါတော့ သူအလှည့်ပေါ့။