MX 5

4.9K 527 27
                                    

Unicode

ချစ် ရ ပါ သော အ ရှင်...

ရှောင်းကျန့်က ရင်ဘတ်ကို လက်နဲ့ အသာလေးဖိလို့ မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။

တစ်ဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ရှောင်းကျန့်သည် အရှင့်ကိုမြင်တိုင်း သူ့စိတ်တွေ မရိုးမရွဖြစ်ရသည်။

သူ့အသည်းကို အပ်ကလေးတွေနဲ့ ဝိုင်းဆွနေကြသလို.... ပုရွက်ဆိတ်ပေါင်းများစွာ ဝိုင်းကိုက်တာခံနေရသလို စူးကျဉ်စွာ ခံစားရလေသည်။

သူ ဒီလို မခံစားချင်ပါဘူး။ အရှင့်ကိုမြင်တိုင်း အသက်ရှူမဝနေတတ်တာသည် အခံရဆိုးလှသည့်ဝေဒနာပါတကား။

အရှင်ဟာ မိန်းမပျိုတစ်ယောက်လို နူးညံ့သိမ်မွေ့သူမဟုတ်တာလည်း သူ အတိအကျသိနေခဲ့သည်။

ဒါပေမယ့် အရှင်ဟာ မိန်းကလေးတွေထက် ပိုလှသည်လို့ သူ ထင်သည်။ အရှင်က မိန်းကလေးတွေထက် အများကြီး ပို ကြည့် လို့ ကောင်း လေ သည်။

ယန်ဟွားမြို့ထဲမှာ မိန်းမလှတွေပေါလှသည်လို့ ဂိုဏ်းတူညီအစ်ကိုတွေကပြောကြသည်။ သူ မြို့ထဲရောက်တော့ တွေ့ရတဲ့ မိန်းကလေးတွေသည် ညီအစ်ကိုတွေပြောသလောက် မဟုတ်လှပါ။ သူ့အတွက်တော့ အရှင်ကသာ ပိုလို့လှပါသည်။

အရှင့်ကိုကြည့်ရတာများ ငြီးငွေ့သွားတယ်ရယ်လို့ ဘယ်သောအခါကမှ မရှိခဲ့ဖူးပေ။

ဘယ်အချိန်က အရှင့် အပေါ်မှာ သူ့ စိတ်တွေ မရိုးမသား ဖြစ်ခဲ့ပါလေသနည်း။

အရှင်နဲ့အတူ သိုင်းကစားရင်း မျက်မှောင်လေးတွေကုပ် ဓါးကို တင်းတင်းဆုပ်လို့ လေထဲမှာ လွင့်ဝဲပျံနေတဲ့ အရှင့်ကို မြင်လိုက်တဲ့အချိန်ကလား...

ရေပေါ်မှာ ကိုယ်ဖော့သိုင်းကျင့်ကြရင်း တစ်ကိုယ်လုံးရေတွေစိုရွှဲလို့ အဝတ်အစားတွေ ခန္ဓာမှာကပ်ချပ်နေတဲ့ အရှင့်ကို မြင်လိုက်ရတဲ့ အချိန်ကလား...

သိုင်းကစားပြီးတိုင်း အရှင့်မျက်နှာတော်ချောချောထက်မှာ ချွေးစက်လေးတွေ ခိုသီးလို့ နှာခေါင်းလုံးလေးရဲ့ လေရှူပေါက်လေးတွေကနေ အသက်ကို ပြင်းပြင်းရှူထုတ်နေတာကို ငေးမောကြည့်မိတဲ့ အခိုက်အတန့်မှာလား...

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now